အခန်း ၁၀၁၆ - အလွန်အကျွံလိင်ဆက်ဆံမှု
နဉ်ရှု ဆေးရုံသွားပြီး အခန်းရဲ့တံခါးချပ်ကို တွန်းဖွင့်ဝင်လိုက်တော့ ဆေးရုံကုတင်ပေါ် လှဲနေတဲ့ ရှရှောင်မန်ကို တွေ့လိုက်ရတယ်။ သူမရဲ့မျက်လုံးတွေက မျက်နှာကျက်ထံ ဗလာသက်သက်မျက်နှာထားနဲ့ ငေးစိုက်ကြည့်နေပြီး မျက်လုံးထောင့်ကနေ မျက်ရည်စတို့ တွဲခိုနေကြတယ်။
သူမရဲ့ မျက်နှာက စာရွက်ဖြူတစ်ရွက်လို ဖြူလျော်နေပြီး သူမရဲ့ နှုတ်ခမ်းမှာ အရောင်မဲ့နေတယ်။ ကြည့်ရတာ တော်တော်နေမကောင်းပုံပဲ။
"ရှောင်မန်...ဘာဖြစ်လို့လဲ? သမီးရဲ့ အမေရော?"
အမေရွှီက ဓာတ်ဘူးကို ချလိုက်ပြီး စိုးရိမ်တကြီး မေးမြန်းလာတယ်။
ရှရှောင်မန်ခေါင်းလှည့်ကြည်တော့ နဉ်ရှုကို တွေ့ရော သူမရဲ့ မျက်လုံးထောင့်တို့ဟာ နီရဲတက်လာတယ်။ သူမရဲ့ နှုတ်ခမ်းဟာ အနည်းငယ် လှုပ်ခတ်သွားပြီး အက်ရှရှနဲ့ နဉ်ရှုကို ခေါ်လိုက်တယ်။
"အစ်ကိုဝမ်လန်"
"ကောင်းကောင်းနားချေ။ အများကြီး မစဉ်းစားနဲ့။"
နဉ်ရှုက ရှရှောင်မန်ကို တစ်ချက်ကြည့်လိုက်တယ်။ သူမရဲ့အစွမ်းသတ္တိတို့မှာ ပျက်စီးနေပုံပေါ်ပြီး သွေးအများအပြား ဆုံးရှုံးလို့နေတယ်။
ကြည့်ရတာ အဲ့ဒါက... ကိုယ်ဝန်ပျက်ကျတာနဲ့ တူသလိုပဲ။
နဉ်ရှုက ရှရှောင်မန်ရဲ့ဝမ်းဗိုက်ကို ကြည့်လာတယ်။
"ကောင်းကောင်းနား"
"အစ်ကိုဝမ်လန်၊ ညီမ အရမ်းနာတာပဲ"
ရှရှောင်မန်က နာကျည်းချက်တွေပြည့်နေတဲ့ မျက်လုံးတွေကနေ ငိုကြွေးလာတော့တယ်။
"အစ်ကိုဝမ်လန်၊ ညီမ ဘာလုပ်ရမလဲဟင်"
နဉ်ရှုက နူးနူးညံ့ညံ့နဲ့ ပြောလိုက်တယ်။
"အဆင်ပြေသွားမှာပါ။ မမှိန်လျော့သွားတဲ့ အမာရွတ်ဆိုတာမှ မရှိဘဲလေ"
နာကျင်မှုတွေနဲ့ မဲ့ရွဲ့နေရရှာတဲ့ ရှရှောင်မန်ကို သူမ ဆက်ပြီး မျက်နှာချင်း မဆိုင်လိုတော့။ သူမ ဆရာဝန်ကို ဘာဖြစ်သလဲဆိုတာ သွားမေးလိုက်တယ်။ ဆရာဝန်က ပြန်ပြောလာတာက ပြင်းထန်တဲ့ လိင်ဆက်ဆံမှုကြောင့် ကိုယ်ဝန်ပျက်ကျတာတဲ့လေ။
YOU ARE READING
နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode
ActionQuick Transmigration Cannon Fodder's Record of Counterattacks (Ning Shu)