အပိုင်း ၁၀၁၁ - တစ်ခြားသူ၏ ဇနီးသည် ဖြစ်လာခြင်း
ရှရှောင်မန်ရဲ့အမေ အစကထင်ထားခဲ့တာက သူတို့နှစ်ယောက်က ရွှီဝမ်လန်ကြောင့် လမ်းခွဲလိုက်တာလို့ပေါ့။ ပြောရရင် ယောကျ်ားတွေက မိန်းမတွေထက် ပိုပြီး ငြီးငွေ့တာ မြန်ကြတယ်လေ။ သူမတွေးခဲ့တာဟာ ရွှီဝမ်လန်က သူမရဲ့သမီးကို စွန့်ပစ်ချင်ခဲ့တာ ဆိုပြီးတော့ပေါ့။ ဒါပေမယ့် အခုတော့ ရှရှောင်မန်က လမ်းခွဲဖို့အရင်စတဲ့သူဆိုတာ သိသွားခဲ့ပြီ။ သူမက အံ့အားသင့်သွားတော့တယ်။
“သမီးက ဘာလို့လမ်းခွဲချင်ရတာလဲ” ရှရှောင်မန်ရဲ့အမေက ဦးနှောက်ခြောက်သွားတော့တယ်။ သူမ ရွှီမိသားစုရှေ့မှာ မျက်နှာတော့ ပျက်ပါပြီ။
“ဒီလို အရေးကြီးတဲ့ ကိစ္စကို အမေနဲ့ ဘာလို့ မဆွေးနွေးနိုင်ရတာလဲ”“အမေ…” ရှရှောင်မန်က ကိုယ်ရောစိတ်ပါ ပင်ပန်းနေပြီ။
“အရင်ပြန်ကြရအောင်။ အမေ့ကို ရှင်းပြပါ့မယ်။ အမေ၊ သမီး တောင်းပန်ပါတယ်။ အရင်ပြန်နှင့်ကြရအောင်။”ရှရှောင်မန်က သူမရဲ့အမေကို တံခါးဆီ ဆွဲခေါ်ဖို့ ကြိုးစားလေတယ်။
“ဘာလို့လဲ၊ ရှောင်မန်၊ သမီးက ဘာလို့ ဒီလောက်တောင် လမ်းခွဲချင်နေရတာလဲ? အမေတို့ အကြောင်းပြချက်ကို သိဖို့လိုတယ်။ သမီးရဲ့အစ်ကို ရွှီဝမ်လန်ကလည်း အကြောင်းအရင်းကို သိဖို့လိုတယ်။ သမီးက ဘယ်လိုလုပ် ဘာမှမပြောဘဲ သမီးရဲ့အစ်ကိုဝမ်လန်ကို လမ်းခွဲဖို့ သဘောတူခိုင်းနေရတာလဲ။ သမီးက သမီးရဲ့အစ်ကိုဝမ်လန်ကို ဒီလို ဆိုးနေလို့ မရဘူးလေ”
အမေရွှီက မျက်နှာထားတင်းတင်းနဲ့ ဆုံးမနေတယ်။
ရှရှောင်မန်က သူမရဲ့နှုတ်ခမ်းကို ကိုက်ရင်း နဉ်ရှုဆီ အကူအညီတောင်းဖို့ ကြည့်လာတယ်။ သူမက ကြောက်လွန်းလို့ သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက စတင်တုန်ရီလာပြီ။ အဲ့ဒါက သူမက ပြစ်ဒဏ်ခံယူဖို့စောင့်နေတဲ့ လူသတ်သမားလိုပဲ။ သူမက ဇနီးမယား ဖြစ်နေရင်တောင်မှ အခုချက်ချင်း အဲ့အကြောင်းကို ဖော်ထုတ်ဖို့က ရှက်စရာကောင်းသလို ခံစားရစေပြီး အဆောက်အဦးကနေ ခုန်ချပစ်ချင်စိတ်ပါ ပေါက်နေတယ်။
YOU ARE READING
နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode
ActionQuick Transmigration Cannon Fodder's Record of Counterattacks (Ning Shu)