1012

1.6K 307 5
                                    

အခန်း ၁၀၁၂ - ချမ်းသာပြီး ကြည့်ကောင်းတယ်။

ဒီဖြစ်ရပ်ပြီး…နောက်ပိုင်းမှာ ရွှီမိသားစုနဲ့ ရှမိသားစုကြား နေရခက်လာခဲ့တယ်။ အပြင်မှာ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြရင်တောင်မှ စကားမပြောကြလေဘူး။

မိသားစုနှစ်စုဟာ အလွန်တရာကိုမှ ရင်းနှီးခဲ့ကြပြီး ဖြစ်လာမယ့် ကိစ္စမှန်သမျှကိုလည်း တစ်ယောက်ကိုတစ်ယောက် အသိပေးတတ်ကြတယ်။ တစ်ခါတရံမှာ ရွှီမိသားစုဟာ ရှမိသားစုဆီ သွားပြီး စားသောက်တာမျိုး ရှိကြသလို ရှမိသားစုကလည်း ရွှီမိသားစုနဲ့ လာစားတတ်ကြတယ်။ ဒါပေမယ့်လည်း အခုတော့ သူတို့ စကားတောင် မပြောကြတော့ဘူး။

အဆုံးသတ်မှာတော့ ရှရှောင်မန်ရဲ့အမေက အမေရွှီကို လှမ်းတားလိုက်ပြီး ရှက်ရှက်နဲ့ပဲ ပြောလာခဲ့တယ်။

“ဝမ်လန်ရဲ့အမေရေ၊ ရှောင်မန်နဲ့ ပက်သက်တဲ့ဟာကို လျို့ဝှက်ပေးထားလို့ ရမလား? သမီးက ရွေးချယ်စရာ မရှိလို့ လုပ်လိုက်ရတာပါ။”

အမေရွှီက ပြောလိုက်တယ်။

“ကျွန်မတို့က ဒီလိုကိစ္စမျိုးကို လျှောက်ဖြန့်မယ့်သူမျိုး မဟုတ်ပါဘူးရှင်။ အဲ့ဒါက ရှင်တို့မိသားစုက ရှောင်မန်ကပဲ…ဘယ်သူက တွေးမိမှာလဲ? သူက ဒီလိုကိစ္စမျိုး လုပ်မယ့်သူဆိုတာ?”

ရှရှောင်မန်အမေရဲ့မျက်နှာက ပျက်ယွင်းသွားတယ်။ နောက်မှ သူမက ကူကယ်ရာမဲ့ ပြောလာလေတယ်။

“သမီးလည်း သူ့ပြဿနာနဲ့သူမို့ပါ။ အဲ့ကောင်က သမီးရဲ့ အဝတ်မပါတဲ့ ပုံတွေကို ခိုးရိုက်ထားပြီး သမီးကိုတောင် အဲ့ဓာတ်ပုံတွေနဲ့ ခြိမ်းခြောက်သေးတယ်။ ရှောင်မန်က သူ့စိတ်နဲ့သူ လုပ်ချလိုက်တာ မဟုတ်ရပါဘူး။ ကျွန်မတို့မိသားစု ဂုဏ်သိက္ခာကို ငဲ့နေလို့ပါ။ သူက ဖြစ်ပျက်သမျှကို သူ့ဘာသာ တိတ်တိတ်လေး မြိုသိပ်နေရရှာတာ။ ရှောင်မန်က ရှင်တို့မိသားစုက ဝမ်လန်နဲ့ မထိုက်တန်တော့မှန်းသိပါတယ်။ ဒါပေမယ့် တစ်ခြားသူတွေကို မပြောပြလိုက်ပါနဲ့။”

အမေရွှီက ဘဝင်မကျဖြစ်သွားလေတယ်။

“ဘာလို့ သူက ဒီလိုကိစ္စအကြီးကြီးကို မပြောပြဘဲ သူ့ဘာသူ အားလုံးကို ဖြေရှင်းနေရတာလဲ? အဲ့လူက ပြစ်မှုကျူးလွန်တာလေ။ ဒါတောင် သူက လိုက်လျောနေသေးတယ်?”

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now