အခန်း - ၁၀၂၅ - ဇာတ်သိမ်း၌ အချစ်ကို ရဖို့ ခက်ခဲခဲ့လေသတည်း။
ရှရှောင်မန် အရင်က တစ်ချိန်လုံး ဘာလုပ်နေခဲ့လဲ? သူမ ဒီလိုတရားစွဲတာမျိုးကို သူမရဲ့ကိုယ်လုံးတီးဓာတ်ပုံတွေ ထွက်ကတည်းက လုပ်ခဲ့သင့်တာလေ။ သို့ပေမယ့် သူမက အပေးအယူတွေ လုပ်နေခဲ့သည်။ အခုလိုအခြေအနေမျိုးရောက်မှတော့ ဒီလိုအခြေအနေကို ဖြေရှင်းဖို့ မလွယ်ကူတော့ပေ။
ဒါ့အပြင် နဉ်ရှု၌ ရှရှောင်မန်အား ကူညီဖို့ရန် အစီစဉ်မရှိပေ။ နဉ်ရှုသာ ကူညီပေးလိုက်ပါက ရှရှောင်မန်၏ အရေးကိစ္စတို့ဖြင့် မတရားတွေကို သောက်လုပ်ရှုပ်လာမှာဖြစ်ပြီး ချူရှောင်ရန်ဆီက အသတ်ခံရနိုင်မည့် အန္တရာယ်ကိုပါ ရင်ဆိုင်ရပေဦးမည်။ ချုရှောင်ရန်နှင့် ရှရှောင်မန်ဟာ အချိန်ပြည့် ကိုက်နေကြတာဖြစ်ပြီး၊ ကိစ္စတို့ရှုပ်ထွေးလာသည့်အချိန်တို့၌ ရှရှောင်မန်ဟာ လမ်းခွဲဖို့ဆန္ဒ မရှိတော့ပြန်ပေ။ ထိုအချိန်၌ ရှရှောင်မန်၏ နှုတ်မှ ဘာမှ ပြောစရာများ ထွက်ကျမလာတော့...။ ရှရှောင်မန်၏ စရိုက်မျိုးနှင့်ဆိုရင် ဒီလိုမျိုးပြုမူခြင်းဆိုသည်မှာဟာလည်း ထမင်းစား၊ ရေသောက်သကဲ့သို့ပင်။
"ကိုကြီးဝမ်လန်၊ ညီမကို ကူညီပေးပါနော်"
ရှရှောင်မန်က တောင်းဆိုလာခဲ့၏။
"ညီမ ချူရှောင်ရန်ဆီက ထွက်လာမှ ဖြစ်မှာ။ သူက ညီမကို လုံးဝချစ်တာမဟုတ်ဘူး။ သူက ညီမကို တစ်ချိန်လုံးကစားနေတာ။ ညီမ ပင်ပန်းလွန်းလို့ပါ"
နဉ်ရှု : လခွမ်း...
နင်က နှစ်တွေအများကြီး ဒါကို သည်းခံလာပြီးပြီလေ။ အခုမှ သူမက စိတ်ပိုင်းဖြတ်လိုက်တယ်လား။ ဒါပေမယ့် ချူရှောင်ရန်က လက်ကလေးတစ်ချောင်းကို ကွေးကာ ခေါ်ရုံနှင့်တင် ရှရှောင်မန်က ပြန်သွားနေဦးမှာပင်။
ရှရှောင်မန်က စိတ်ကျန်းမာရေး ချို့တဲ့နေတာပဲ။
နဉ်ရှု တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
"အစ်ကို ညီမကို ဒီကိစ္စနဲ့ပက်သက်ပြီး မကူညီနိုင်ဘူး။ တရားခွင်အတွက် သက်သေအထောက်အထားဆိုတာ လိုတယ်။ ညီမက ချူရှောင်ရန်ကို ဘာခေါင်းစဉ်တပ်ပေးချင်တာလဲ"
YOU ARE READING
နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode
ActionQuick Transmigration Cannon Fodder's Record of Counterattacks (Ning Shu)