1014

1.6K 275 3
                                    

အခန်း ၁၀၁၄ - ဓာတ်ပုံတွေ ပြန်ပေး

ဗီလာထဲမှာ ချူရှောင်ရန်က စာရွက်စာတမ်းတစ်စောင်ကို ကိုင်ထားပြီး ရှရှောင်မန်ထံ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ပြုံးပြလို့နေတယ်။

“ဒီမှာ၊ ကြည့်”

ရှရှောင်မန်က စာရွက်စာတမ်းကို ရှုပ်ထွေးနေတဲ့ အမူအရာနဲ့ ယူလိုက်တယ်။ အဲ့ဒါက နှုတ်ထွက်စာပဲ။ သူမ လက်မှတ်ကိုလည်း တွေ့ရော၊ သူမရဲ့ မျက်နှာက ဖြူလျော်သွားတော့တယ်။

ရှရှောင်မန်ရဲ့ မျက်လုံးတွေက နီရဲလာတယ်။ အစ်ကိုဝမ်လန်က နှုတ်ထွက်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အစ်ကိုဝမ်လန်က ရှေ့နေအလုပ်ကို  ဘယ်လောက်ထိ ချစ်တယ်ဆိုတာကို သူမ မှတ်မိတယ်။ ဒါ့ကြောင့် သူက အမြဲတမ်း ပိုပြီး တော်သည်ထက် တော်အောင် လေ့ကျင့်နေတာလေ။ ဒါပေမယ့်လည်း အခုတော့ သူက နှုတ်ထွက်သွားပြီတဲ့လား။

“ရှင့်လက်ချက် မဟုတ်လား?” ရှရှောင်မန်က စွပ်စွဲလိုက်တယ်။

“အစ်ကိုဝမ်လန်မှာ ဘာအပြစ်မှ မရှိဘူး။ ရှင် ဘာလို့ သူ့ကို ဒီလို လုပ်လိုက်ရတာလဲ?”

“ဘာ့ကြောင့်လဲဆိုတော့ ငါ့ရဲ့ အိမ်မွေးအကောင်လေးက သူ့အကြောင်းပဲ ခေါင်းထဲ ရောက်နေလို့ပေါ့။ အဲ့ဒါက ငါ့ကို စိတ်မချမ်းသာစေဘူးလေ”

ချူရှောင်ရန်ရဲ့မျက်နှာအမူအရာက ရက်စက်ပြီး ခက်ထန်နေခဲ့တယ်။

“ငါက ငါ့အလုပ်ကတ်ကို ပေးပြီး သူ့ကို အလုပ်ခန့်ချင်တယ် ပြောရုံပဲ ရှိသေး။ သူက ချက်ချင်း အလုပ်က ထွက်လိုက်တော့တာပဲ။ ငါကသူ့ကို ရှေ့နေရုံးကနေ ကန်ထုတ်ဖို့တောင် စီစဉ်ပြီးသွားပြီ။ သူက အရင် နှုတ်ထွက်သွားမယ်လို့ ဘယ်သူက ထင်မှာလဲ?”

ချူရှောင်ရန်က ရှရှောင်မန်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ကြည့်လိုက်ပြီး လက်ချောင်းတွေကို အညောင်းပြေချိုးလိုက်ပြီး ပေါ့ပါးစွာပဲ ပြောလိုက်တယ်။

“အခု၊ လောင်းကြည့်ချင်လား။ ရွှီဝမ်လန်က ငါ့တောင်းဆိုချက်ကို ဖြည့်ဆည်းပေးဖို့အတွက်၊ သူ့ဘက်ကအရင် ငါ့ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ စဖုန်းခေါ်လာမလား ကြည့်ကြရအောင်”

နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode Where stories live. Discover now