အခန်း ၁၀၂၆ - ပြေးဖို့ ကြိုးစားနေတယ်လား?
နဉ်ရှု အေးစက်စက်ပင် ရယ်မောလိုက်၏။ ထို့နောက် သူမ၏ကုတ်ကို ချွတ်လိုက်ကာ လူမိုက်တွေဆီ သွားလိုက်သည်။ ရှရှောင်မန်က နဉ်ရှုအား ဆွဲလိုက်ကာ ခေါင်းကို ခါရမ်းရင်းဖြင့်
"အစ်ကိုဝမ်လန်၊ အဲ့ကို မသွားလိုက်ပါနဲ့။ အန္တရာယ်များလွန်းတယ်"
နဉ်ရှုက ရှရှောင်မန်ကို ခါထုတ်လိုက်ကာ တန်းတန်းမတ်မတ်ပင် လျှောက်သွားပြီး ပစ္စည်းတို့အား ဖျက်ဆီးနေသည့် လူမိုက်များထဲမှ တစ်ဦးအား ကန်ထည့်လိုက်သည်။ နဉ်ရှု လူမိုက်များထဲမှ တစ်ယောက်၏ ဘေ့စ်ဘောရိုက်တံအား ဆွဲယူလိုက်ကာ သူ့ခြေထောက်ကို လွှဲရိုက်လိုက်သည်။ ထိုသူမှာ နာကျဉ်မှုကြောင့် အော်သွားရပြီး မြေပြင်ပေါ် ပုံကျသွားတော့၏။
နဉ်ရှုသည် တစ်ခြားသူတွေဆီသို့ပါ ဘေ့စ်ဘောရိုက်တံအား ကိုင်ဆွဲလျက် လျှောက်သွားသည်။ အခြားသောလူမိုက်များဟာ နဉ်ရှုဆီမှ ခြိမ်းခြောက်နိုင်သည့် အရောင်အဝါဖြင့် သူတို့ဆီ လျှောက်လာသည်ကို ကြည့်ရင်း ယုံကြည်ချက်တို့ ပျောက်ဆုံးလာကာ ပြေးချင်လာတော့၏။ နဉ်ရှုက တစ်ခါတည်း တံခါးအား ပိတ်ချလိုက်သည်။ သူတို့က ငါ့ရဲ့ ပစ္စည်းတွေကို မွှစာကြဲအောင် လုပ်ပြီးတော့ ထွက်ပြေးချင်နေတယ်ပေါ့လေ။
ကြောက်စရာကောင်းသည့်ရုပ်ရည်သာရှိသည့် အနှီလူမိုက်များဟာ နဉ်ရှု၏ ပြိုက်ဖက်ပင် မဟုတ်ချေ။ နဉ်ရှုမှနေ၍ ထိုလူမိုက်တို့အား ရိုက်ဖို့ ခဏမျှသာ ကြာလိုက်၏။ နဉ်ရှုက ခေါင်းဆောင်၏ရင်ဘတ်ပေါ် တက်နင်းလိုက်ကာ
"ဥပဒေအကျိုးဆောင်ရုံးကို ပြဿနာလာရှာရဲတယ်ဆိုတော့ တော်တော်သတ္တိကောင်းလို့ပေါ့လေ။ ပိုက်ဆံရှာဖို့ ဥပဒေကို ကစားနေတဲ့သူကိုမှ လာပြီး ရန်စရဲရတယ်လို့။ ဒီအဖေက ခင်ဗျားကို ထောင်ထဲမှာ တစ်ဘဝလုံးအရိုးဆွေးရဖို့ လုပ်ပေးနိုင်တယ်ဆိုတာရော သိတယ်မဟုတ်လား?
"ငါ့ကို လွှတ်နော်။ မဟုတ်လို့ကတော့ ငါတို့ဘော့စ်က မင်း ပြန်ပေးဆပ်ရအောင် လုပ်လိုက်မှာ"
လူမိုက်တစ်ယောက်က ခြိမ်းခြောက်လာသည်။
နဉ်ရှုက ဖွဖွလေးပြုံးလိုက်ပြီး ဘေ့စ်ဘောရိုက်တံကို မြှောက်ကာ ထိုလူ၏ လက်မောင်းအား ရိုက်လိုက်သည်။ ထင်ရှားသည့် အရိုးအက်သံ ထွက်လာကာ ထိုသူဆီမှ လူသံနှင့် မတူသော တအီအီငိုသံ ထွက်ကျလာတော့၏။
YOU ARE READING
နဥ္ရႈ Arc 16 (Stockholm Syndrome) Unicode
ActionQuick Transmigration Cannon Fodder's Record of Counterattacks (Ning Shu)