ပေကျင်းမြို့....ညအချိန် 7နာရီဝန်းကျင်
လူစည်ကားတဲ့...
စားသောက်ဆိုင်အတွင်းဖွင့်ထားတဲ့ TV ထံမှ မိုးလေဝသ သတင်းက ကြားဖြတ်ပါလာတဲ့သတင်းပါ..."ယနေ့ည...ပေကျင်းမြို့မှာ မိုးရုတ်တရက်ရွာနိုင်ကြောင်းပါရှင် အချိန်အခါမဟုတ်ပဲ
ရွာသွန်းတဲ့မိုးကြောင့် အဖျားဝင်နိုင်ပါတယ်ရှင် ဒါကြောင့် အိမ်ပြင်ထွက်ရင် ထီးနဲ့မိုးကာ အသင့်ဆောင်ယူသွားကြရန် အသိပေးအပ်ပါသည် ပေကျင်းမြို့သူမြို့သားများ ဘေးကင်းကြပါစေရှင်
ကျေးဇူးတင်ပါတယ်။"ရှောင်ကျန့်ကတော့ ခေါက်ဆွဲပြုတ်စားရင်း
နဲ့ပင် "ယူဘင်း ဒီနေ့ည မိုးရွာမယ်တဲ့
ငါတို့ ထီးလည်းမပါကြဘူး မိုးရွာရင်ေတာ့ဒုက္ခပဲ။""မင်းကလည်းကွာ မင်းအဖေက ချမ်းသာတာပဲ ကိုယ်ရံတော်သက်တော်စောင့်တွေဒီလောက်ပေါတါ ဖုန်းဆက်လိုက်ပေါ့ ဒါဆိုရင် အားလုံး ok ပြီသာမှတ်။"
"မင်းပြောမှလား ငနာကောင်ယူဘင်းရဲ့
ငါ အိမ်မပြန်ချင်ဘူး...ငါ့အဖေက မကောင်းဘူး နေ့ရှိသရွေ့ ဒီစမ်းသပ်မှုတွေနဲ့ပဲ နပန်းလုံးနေတာ ကြာတော့လည်း ငါစိတ်ပျက်လာပြီ အဖေ့ကို။""ဘာမှမဟုတ်တဲ့ ဒီအလုပ်ရဲ့ဝင်ငွေက ဘာတွေများ
ကြီးပွားချမ်းသာနေပါလိမ့်...ငါလုံးဝမတွေးတတ်တော့ဘူး ယူဘင်းရ....""ထားလိုက်ပါရှောင်ကျန့်ရာ မင်းအိမ်မပြန်ချင်ရင် ငါ့အိမ်လိုက်ခဲ့ ငါကမင်းလောက်တော့ မချမ်းသာဘူးနော် မင်းနေရအဆင်မပြေရင်လဲ သည်းခံပြီးသာနေတော့.."
"အေးပါကွာ... မြန်မြန်စား ပြီးရင် ပြန်ကြမယ် တော်ကြာမိုးရွာနေမှဖြင့် တိုင်ပတ်နေမယ် ယူဘင်းရေ။"
ယူဘင်းလဲ စားအပြီး မိုးကလည်း အရမ်းရွာချလိုက်ပြန်တော့ စိတ်ပျက်လက်ပျက်ဖြစ်သွားတဲ့ရှောင်ကျန့် "ငါထင်တဲ့အတိုင်းပါပဲလား ယူဘင်းရာ မိုးကဖောက်ပြန်ပြီကြည့်။"
"မတတ်နိုင်ဘူး... ငါတို့ ထီးတလတ်ဝယ်လိုက်ရုံပေါ့ကွာ ရှောင်ကျန့် မင်းဒီမှာခဏစောင့်နေ ငါထီးသွားဝယ်အုံးမယ်။"
"အင်းအင်း..မြန်မြန်သွား"
"အေးပါကွာ.... ခဏပဲနော်
ငါသွားပြီ။ "
ESTÁS LEYENDO
ဆူးမဲ့ပုံပြင်(ေခတ္တရပ်နား)
Acciónကိုယ်ဝန်သည်ကာကွယ်ဆေးရဲ့နည်းပညာမှားယွင်းမှု့ကြောင့် စတင်ဖြစ်ပွားတဲ့ virus ကူးစက်ခံနယ်မြေမှာ ဂိုဏ်းစတားညီအကိုနှစ်ယောက် ချစ်ရသူနဲ့သူတို့ရဲ့ ရင်သွေးကို ဘယ်လိုကာကွယ်ပေးသွားမလဲ။ ဒီကူးစက်ရောဂါကိုရော သူတို့ဘယ်လို တားဆီးပြီးကယ်တင်ပေးမလဲဆိုတာ သဲထိန့်ရင်ဖိုစွာ...