Unicode
မနေ့က ဟိုကောင်လေးကို ပြန်ချော့ရင်းနဲ့စာသင်လိုက်တာကြောင့် ကျောင်းအုပ်ကြီးက တွေ့ဖို့ပြောထားတာကို ကျန်းကျယ်ဟန် တစ်ယောက်မေ့နေခဲ့သည်။
"တောင်းပန်ပါတယ်ဗျာ ကျွန်တော် မနေ့က အလုပ်များနေတာကြောင့် မေ့သွားခဲ့တာပါ"
"ရပါတယ်ရပါတယ် နောက်လ ကျောင်းတွေဖွင့်ပြီဆိုတော့ ကျောင်းအတွက်လိုအပ်တာလေးတွေပြင်ဆင်ဖို့်ပြောရုံပါပဲ"
"သြော်ဟုတ်ကဲ့ အဲ့တာဆို ညနေကြရင်လာခဲ့လိုက်ပါ့မယ် "
25 days later...
ကုန်းကျွင်း နဲ့ ကျန်းကျယ်ဟန် က ဒီရက်ပိုင်းစာသင်ချိန်အတွင်း ဆက်ဆံရေးအတော်ကောင်းလာသည်။ ကုန်းကျွင်း က ဘုကလန့်ပြောတယ်ဆိုပေမယ့် အရင်လောက်တော့ မဆိုးတော့ပေ။ Physics ရဲ့ တစ်ချို့အခန်းတွေဆို ကွေနပွေီဖွဈသညျ။
"နောက်တစ်ပတ်နေရင်ကျောင်းဖွင့်ပြီဆိုတော့ အလုပ်ကပိုများတော့မှာ အဲ့အတွက် အချိန်နည်းနည်းညှိဖို့ အန်တီကိုပြောလိုက်အုံးမယ်"
"အင်းပြောပေါ့"
"ဒါနဲ့ကျောင်းအပ်ပြီးပြီလား ဘယ်ကျောင်းလဲပြောပြအုံး "
"အင်း "
"ဘာ အင်းလဲ? "
"မသိလို့လာမေးနေတာလား တမင်မေးနေတာလား? ဟိုနေ့က နိုင်းနိုင်း သွားအပ်ပြီးပြီလေ ကျန်းလောင်ရှီးကျောင်းမှာ မတွေ့ဘူးလား? "
"မတွေ့လိုက်မိဘူး"
"ဘယ်တွေ့မလဲ ကောင်မလေးတွေလိုက်ငမ်းနေလို့မတွေ့တာနေမှာပေါ့"
"ဗရုတ်သုတ်ခတွေလျှောက်ပြောမနေနဲ့ ပေးထားတဲ့ဟာကိုသာ နားလည်အောင်တွက်အုံး "
ကျန်းကျယ်ဟန် ကို မျက်စောင်းထိုးကာ ကုန်းကျွင်း လဲ ကိုယ့်စာကိုဆက်လုပ်နေလိုက်တော့သည်။
"ပြန်တော့မှာလား "
"အင်း ခဏနေပြန်တော့မယ် မင်းလဲ တွက်စရာသိပ်မကျန်တော့ဘူးမလား? "
"ကျွန်တော့်ကို တစ်ခါလောက်ကူညီပါ့လား ဟီးးးး" ခါတိုင်းလို ဘုကလန့်မဟုတ်ပဲ ချွဲသလိုလိုပြောလာတာကြောင့် ကျန်းကျီဟန်က စျေးကိုင်ဖို့ပြင်လိုက်တော့သည်။
![](https://img.wattpad.com/cover/268543513-288-k115164.jpg)