Unicode
[စီချွမ်ပြည်နယ်မှာမွေးတဲ့ကောင်လေးက စီချွမ်ပြည်မှာပဲ အချစ်စစ်ကို ရှာတွေ့သွားခဲ့ပြီ]
"သားရေ တံခါးဖွင့်အုံး သား"
ထူးထူးဆန်းဆန်း မိခင်ဖြစ်သူမှ အခန်းရှေ့ကလာအော်နေတာဖြစ်တာကြောင့် ကုန်းကျွင်း တစ်ယောက် အိပ်ယာက ထကာ အမြန်တံခါးဖွင့်ပေးလိုက်သည်။"မားကလဲ မနက်အစောကြီးရှိသေးတာကို အရေးကြီးတာကြလို့ ဇွတ်ခေါ်နေတော့တာပဲ"
"အင်းပါ သားရယ် မားမှားပါတယ် သားကိုပြောစရာရှိလို့"
"ပြောစရာမရှိတဲ့နေ့လဲ ရှိလို့လား မားရယ်"
"သား စီချွမ်ကို ပြန်ရမယ်"
"ဟမ်!ဗျာ?!"
"မဗျာနဲ့ သား ပါးပါးက နောက်2လဆိုရင် အလုပ်နေရာပြောင်းသွားပြီ စီချွမ်က company မှာပဲထိုင်ရတော့မှာ သား အခုနို်င်ငံခြားမှာကျောင်းဆက်တက်ရင် အခက်အခဲတွေရှိသွားမှာစိုးလို့"
"သားက ဒီမှာအခြေကျနေပြီကို ဟိုမှာကျောင်းသွားတက်ရင် တစ်ယောက်ထဲ ကြောက်တယ်လေ မားရယ်"
"သား သဘောပါပဲ သားဒီမှာကျောင်းဆက်တက်ချင်လဲရတယ် မားတို့ ဟိုကနေ ပိုက်ဆံလှမ်းပို့ပေးမယ်"
"ဟင်းးး အဲ့လိုကျလဲ ဘာထူးတော့မှာလဲ မားနဲ့မှမခွဲနိုင်တာ"
"အမလေးနော် အလိုလိုက်တာ များသွားပြီထင်ပါရဲ့ ချွဲနေလိုက်တာ တည်တည်တံ့တံ့လေးနေပါအုံး"
"သားက မားဆီမှာပဲ ချွဲတာပါနော် သူများရှေ့မှာဆို သားကိုအကုန်ရှိန်တယ်"
"အမလေး ဟုတ်ပါပြီ အခုပြန်အိပ်လိုက်အုံး သားအဖွားဆီကို ဖုန်းဆက်လိုက်အုံးမယ် သားလာမယ်ဆိုတဲ့အကြောင်းကို"
"အင်းအင်း မား အဲ့တာဆို တစ်ပတ်ခါသွားလိုက်မယ်"
"သွားချင်တော့လဲ မြန်လိုက်တာ "
"စီချွမ်ကို မရောက်တာကြာပြီမို့လို့ လည်စရာရှိတာလေးတွေ လည်အုံးမယ်လေ မားရယ်"
"ဟုတ်ပါပြီ အဲ့တာဆို သား ပါးပါးကို လက်မှတ်ဝယ်ခိုင်းထားလိုက်တော့မယ်"