Part (2)💙

544 69 5
                                    

Unicode

ဒီနေ့မှ နေက တော်တော်ပူနေသလားပဲ လို့ ကျန်းကျယ်ဟန် တစ်ယောက်တွေးရင်း ကော်ဖီဆိုင်တစ်ဆိုင်ကို လမ်းလျှောက်ကာ ဝင်လာခဲ့တယ်။
တစ်ကောင်ကြွက်လေးဆိုတော့ ပိတ်ရက်ကို တူတူကုန်ဆုံးစရာ လူလဲမရှိ။ဒါက သူ့အကျင့်လိုမျိုးဖြစ်နေပြီ။

စနေနေ့တိုင်း ဒီကော်ဖီဆိုင်လေးရဲ့ ထောင့်တစ်ထောင့်မှာဝင်ထိုင်တယ်၊ ကော်ဖီအေးအေးလေးတစ်ခွက်ကိုမှာတယ် လွယ်အိတ်ထဲက စာအုပ်တစ်ချို့ကိုထုတ်ကာ စာတစ်ချို့ကို ရေးနေတယ် သူအဲ့လိုမျိုးရေးထားတဲ့ ကဗျာစာသားတွေ၊သီချင်းစာသားတွေအများကြီးရှိနေပြီ။ သူရေးပြီးတော့ ဆိုလားဆိုတော့လဲမဆိုဖြစ်ပါဘူး သူစိတ်ကူးပေါက်ရာ တစ်ချို့ကို ရေးပြီး ကော်ဖီဆိုင်လေးမှာ ပျော်ရွှင်စွာနဲ့ တစ်ယောက်ထဲ ကုန်ဆုံးလိုက်တာပါပဲ။

-------------------------------------

ဒီနေ့ အိမ်နဲ့စိတ်ဆိုးပြီး လေယာဥ်ကွင်းက်ိုတစ်ယောက်ထဲထွက်လာတဲ့ ကျွင်းကျွင်း။
အကြောင်းအရင်းကတော့ ဟိုရောက်ရင် စာသင်ဖို့ အလောတကြီးပြင်ဆင်ထားပေးတာကြောင့် ကျွင်းကျွင်း တစ်ယောက် စိတ်ရှုပ်သွားတာကြောင့်ဖြစ်တယ်။ လေယာဥ်က 9နာရီမှထွက်မှာဆိုပေမယ့် ကျွင်းကျွင်း ရောက်လာတဲ့အချိန်ကမစောတော့ပါဘူး ခဏနေ လေယာဥ်ပေါ်တက်ဖို့အချိန်ကျတော့မယ်။

"Simon!!"   ခေါ်သံကြားတော့ လှမ်းကြည့်မိလိုက်သည်။ ကျွင်းကျွင်း တစ်ယောက် စိတ်တွေဝေဝါလားတယ်။ နိုင်ငံခြားမှာကျောင်းစတက်ကတည်းက စာတူတူလုပ်ပြီး ကျောင်းမှာလဲ ကျွင်းကျွင်း ဘက်က အမြဲရပ်တည်ပေးတဲ့တစ်ဦးတည်းသောသူပေါ့၊ တကယ်တော့ ကုန်းကျွင်း က သူ့အပေါ် မရိုးသားတဲ့စိတ်ရှိနေခဲ့တာကြောင့် စီချွမ်ပြန်မယ့်ကိစ္စကိုသေချာမပြောခဲ့တာ။

"အကိုဝမ် ဘယ်လိုရောက်လာတာလဲ ကျွန်တော် အကိုကို့လဲ မပြောမိပါဘူး "

"အော်ဟော် ကိုယ့်ညီလေးတစ်ယောက်လုံးက ရေခြားမြေခြားကိုသွားတော့မှာကိုတောင် အကိုတစ်ယောက်လုံးက မသိရဘူးဆိုတော့ မလွန်လွန်ဘူးလား"

"အဲ့လိုမဟုတ်ပါဘူး ဒီတိုင်းပြောဖို့လူတွေများလို့ကျန်ခဲ့သွားတာပါ " တစ်ခြားသူတွေရှေ့မှာ အစွာလေးဆိုပေမယ့် ဝမ်ချန် ရှေ့ရောက်သွားရင်တကယ့်ကလေးပေါက်စလေးလိုပဲ

𝑳𝒐𝒗𝒆𝒍𝒚 𝑺𝒊𝒄𝒉𝒖𝒂𝒏Where stories live. Discover now