Part (13)💙

223 37 8
                                    

Unicode

ကျန်းကျယ်ဟန်လဲ ဆေးရုံကဆင်းဖို့ဆုံးဖြတ်လိုက်တော့သည်။ ကိုယ့်တပည့်တစ်ယောက်လုံး ဒုက္ခရောက်နေတာကို ဘယ်လိုလုပ် ဆေးရုံမှာ ေအးအေးဆေးဆေးနေနိုင်ရမှာလဲ။ ခင်တွယ်စရာဆိုလို့ ဒီတပည့်လေးတစ်ယောက်ပဲရှိတာကြောင့် အတွေးများစွာဖြင့် ပစ္စည်းတွေကောက်သိမ်းနေတော့သည်။

"ကျန်းလောင်ရှီး " ခေါ်လာတဲ့အသံကြောင့် အတွေးများစွာကို ဖြတ်ကာ လှည့်ကြည့်လိုက်တော့သည်။

"သြော် ဆရာမဟွမ်ရောက်လာတာလား"

"ဒါ ဘာတွေလုပ်နေတာလဲဟင် ဆေးရုံဆင်းတော့မလို့လား "

"ဟုတ်တယ် ကျွန်တော်လဲ သက်သာနေပြီမို့ ဆင်းတော့မလို့ပါ "

"ကျန်းလောင်ရှီး သဘောပါပဲ ဒါနဲ့ ဆေးရုံစရိတ်ရောရှင်းပြီးပြီလား "

"သုံးပုံတစ်ပုံပဲရှင်းရသေးတယ် အခု တစ်ခါထဲအကုန်ရှင်းသွားမလို့ပါပဲ "

"ကျန်တဲ့ကုန်ကျစရိတ်တွေကို ကျွန်မသွားရှင်းလိုက်တော့မယ် ကျန်းလောက်ရှီးစောင့်နေနော် ကျွန်မ ပိုက်ဆံရှင်းပြီးရင် ပစ္စည်းတွေကူသိမ်းပေးမယ် "

"မဟုတ်တာ ဆရာမဟွမ်ရယ် အဲ့လိုတွေမလုပ်ပါနဲ့ ကျွန်တော် သူများရဲ့အကူအညီမလ်ိုချင်လို့ပါ ဒီလိုပြောလာတဲ့အတွက်နဲ့တင် ကျေးဇူးတင်ပါတယ် "

"သူများမဟုတ်ပါဘူး လုပ်ဖော်ကိုင်ဖက်တွေ ပဲကို တအားမငြင်းပါနဲ့ ကျွန်မအတွက်မခက်ခဲပါဘူး ဒီနေ့ အကိုတစ်ဝမ်းကွဲက စီချွမ်ကိုရောက်လာလို့ မုန့်ဖို့တွေအများကြီးရထားတာ ကိစ္စမရှိဘူး ပစ္စည်းတွေသိမ်းနှင့်လိုက် ကျန်းလောင်ရှီး "

"ဟို ဆရာမဟွမ်.."   ကျန်းကျယ်ဟန်က တားနေပေမယ့် ရှောင်ဟွမ်က အမြန်ထွက်သွားတာကြောင့် ဆက်မတားနိုင်တော့ချေ။ နောက်မှပဲ ပြန်ဆပ်လိုက်တာပေါ့ဆိုပြီးပဲတွေးကာ ပစ္စည်းတွေဆက်သိမ်းနေတော့သည်။

ပစ္စည်းတွေက သိပ်လဲမရှိတာကြောင့် အချိန်အကြာကြီးသိမ်းဖို့မလိုတော့ချေ။

"ကျန်းလောင်ရှီး သိမ်းပြီးသွားပြီလား ကျွန်မလဲ ပိုက်ဆံအကုန်ရှင်းခဲ့ပြီ အခု အိမ်ကို လိုက်ပို့ပေးရမလား "

𝑳𝒐𝒗𝒆𝒍𝒚 𝑺𝒊𝒄𝒉𝒖𝒂𝒏Where stories live. Discover now