Unicode
မနေ့ညတစ်ညလုံး နှစ်ယောက်သား အများကြီးပျော်ရွှင်ခဲ့ကြပြီး ကျန်းကျယ်ဟန်က ကုန်းကျွင်း ကို အိမ်ထိသေချာလိုက်ပို့လိုက်တော့သည်။
နှစ်ယောက်လုံးရဲ့ အိမ်မက်တွေကတော့ လှနေပါတော့မယ်။ကုန်းကျွင်း လဲ အိမ်ပြန်ရောက်ရောက်ချင်း ရေမိုးချိုးကာ ကုတင်ပေါ်ကို ပြစ်လှဲလိုက်တော့သည်။ ဒီညအတွေးတွေက တကယ်နှိပ်စက်လွန်းနေပါတယ် ကုန်းကျွင်း စိတ်ထဲတွင် 'ငါ ကျန်းလောင်ရှီးကို မရိုးသားတဲ့စိတ်တွေရှိနေပြီလား ´လို့ အထပ်ထပ်အခါခါမေးနေမိလေသည်။
ကျန်းကျယ်ဟန်လဲ ကုန်းကျွင်း က်ုိ အိမ်လိုက်ပို့ပေးပြီးပြီးချင်း လမ်းက Mini Mart တစ်ခုကိုဝင်ကာ လိုတာရှိတာဝယ်ပြီး အိမ်ပြန်ဖို့လုပ်တော့သည်။
8နာရီလဲကျော်ပြီမို့ အတော်လဲမှောင်နေပြီဖြစ်သည်။ ဒီနေ့မှလူတွေရှင်းနေလားလို့တွေးမိရအောင်ထိ လမ်းပေါ်မှာ ဘယ်သူမှရှိမနေပေ။"ဟေးးးးးးး"
အသံလာရာ လှည့်ကြည့်လိုက်တော့ 4ယောက်5ယောက်လောက်ရှိသည့်ကောင်လေးအုပ်စုတစ်စု မူးနေတယ်ထင်ပါရဲ့။"ကိုယ့်လမ်းကို သွားကြပါ ကလေးတို့ ကိုယ့်ကိုမနှောက်ရှက်နဲ့ "
"ကလေးတဲ့..ငါတို့ကို ကလေးတဲ့ ငါးကောင်တို့ရေ"
ကျန်းကျယ်ဟန် ပြောလိုက်သည့်စကားကို ဝိုင်းရီကြသည်။ထိုအုပ်စုထဲက တစ်ယောက်မှ ကျန်းကျယ်ဟန် ရှေ့ကို မျက်နှာချင်းဆိုင်ထွက်လာသည်။"မြင်ဖူးပါတယ်လို့ကြည့်နေတာ ဒီဘဲကြီးက ဟိုကောင်ကုန်းကျွင်းရဲ့ရည်းစားပဲ "
သူပြောလိုက်တဲ့စကားကြောင့်အဖွဲ့ခေါင်းဆောင်လိုလိုတစ်ယောက်ထွက်လာပြီး ကျန်းကျယ်ဟန် ပုခုံးကိုလှမ်းပုတ်လိုက်သည်။"ဒီမှာကလေးတို့ မင်းတို့မူးနေရင်လဲ ပြန်လိုက်ကြတော့ ဒီလိုပြသာနာရှာနေတာ နှစ်ဦးနှစ်ဖက်လုံးအတွက်မကောင်းဘူး ပြီးတော့.."
"ဒီဘဲကြီးက သိပ်စကားများတာပဲ ဒါနဲ့ကျွန်တော့်ကိုမှတ်မိသေးလား အရင်တစ်ခေါက်ကလဲ မိတ်ဆက်ဖူးပါတယ် လင်းဟူပါ မှတ်ထားအုံး "
ကျန်းကျယ်ဟန် လဲ ဘာမှဆက်မပြောပဲ ထွက်သွားဖို့ပြင်လိုက်စဥ် နောက်က လှမ်းတွန်းလိုက်တာကြောင့် မှောက်ကာ လဲကျသွားသည်။