Part (3) 💙

454 54 2
                                    

Unicode

ကုန်းကျွင်း ငေးနေစဥ် တစ်ယောက်သောသူရဲ့ ပြောစကားကြောင့် အသိပြန်ဝင်လာလေသည်။

"မြေးရေ ဖြေးဖြေးငေးပါကွယ် ခေါ်မကြားအော်မကြားနဲ့ စာကောင်းကောင်းသင်နော် နိုင်းနိုင်း ဘုရားသွားရှိခိုးလိုက်အုံးမယ်"

"နိုင်းနိုင်း နော် ဘာတွေလျှောက်ပြောနေတာလဲ ကျွန်တော်က ဒီတိုင်း စာအကြောင်းတွေးနေတာပါ"

"ဟုတ်ပါပြီကွယ် ဆရာကျန်းရေ မြေးလေးက်ို စိတ်ချမယ်နော် လိုအပ်တာရှိရင်သင်ပေးပါအုံး ခဏနေ လျိုရှန်း က မုန့်လာချပေးပါလိမ့်မယ် "

"ရပါတယ် စိတ်ချပါ အန်တီ ကျွန်တော်က တာဝန်သိတက်တဲ့သူပါ "

"စကားပဲပြောနေကြတော့မှာလား စာက ဒီတစ်သက်မသင်တော့ဘူးလား? "
ကုန်းကျွင်း မှာ စိတ်မရှည်တော့၍ ေလသံမာမာနှင့်အော်ပြောလိုက်တော့သည်။

"ဆရာကျန်း ရေ မြန်မြန်သင်လိုက်ပါတော့ကွယ် အန်တီလဲသွားပါပြီ"

ကုန်းကျွင်း အဖွားထွက်သွားပြီးဖြစ်တာကြောင့် ကျန်းကျယ်ဟန် က စာသင်ဖို့ စပြောမည်အလုပ် ကျွင်းကျွင်း ပြောလာတဲ့စကားတစ်ခွန်းပြောလာသည်။

" ကျွန်တော်က ဘယ်လိုသင်သင် Physics ကို နားလည်မှာမဟုတ်ဘူးနော် ရှင်းလား "

ကျန်းကျယ်ဟန် တစ်ယောက် ရီချင်သလိုလိုဖြစ်သွားသည်။ သင်တောင်မသင်ပေးရသေးဘူး ဇွတ်တွေနားမလည်နေတဲ့ ဒီကောင်လေးကို ခေါင်းတွေကြည့်ခေါက်ချင်နေလေသည်။

"နေပါအုံး နေပါအုံး သင်တောင်မသင်ရသေးတာကို ဘာလို့အဲ့လောက်ခါးခါးသီးဖြစ်နေရတာလဲ ကောင်လေး "

" ဖြစ်မှာပဲလေ ခင်ဗျားက ကျောင်းမှာ Chemistry သင်တာဆို ကျွန်တော်က Physics ကို လုံးဝမရတဲ့သူဆိုတော့ ခင်ဗျားသင်နိုင်ပါ့မလား? "

ဒီကလေး ဆရာကို အထင်သေးလွန်းလိုက်တာလို့တွေးနေလေသည်။

"အခုမှ စသင်တဲ့ပထမရက်ပဲရှိသေးတာကို ကောင်လေးက ကိုယ့်အကြောင်းတွေအကုန်စုံစမ်းထားတာပေါ့လေ ဒါနဲ့ လွဲနေတာတစ်ခုရှိတယ် ကောင်လေး ကိုယ်က Physics ကို 3နှစ်လုံးလုံးသင်ပြီးမှ Chemistry ဘက်ကိုပြောင်းလာတာနော် "

𝑳𝒐𝒗𝒆𝒍𝒚 𝑺𝒊𝒄𝒉𝒖𝒂𝒏Where stories live. Discover now