Unicode
ကုန်းကျွင်းက ဝမ်ချန်နဲ့သူ့အကြောင်းတွေကိုပြောပြနေရင်း ကျန်ကျယ်ဟန်ကို မေးခွန်းတစ်ခုမေးဖို့ စဥ်းစားလ်ိုက်တော့သည်။
"ဒါနဲ့ ခင်ဗျား "
"အင်း ပြောလေ ကိုယ်ဘာဖြစ်လို့လဲ "
"ရည်းစားထားဖူးလား? "
"ရည်းစား? "
"အင်း "
"ဘာလုပ်ဖို့မေးတာလဲ"
"ဟုတ်သား မေ့နေတာ ခင်ဗျားလို လူက ထားဖူးမှာလဲမဟုတ်ပါဘူး "
"အထင်သေးတာလား?"
"အဲ့တာဆို ထားဖူးလို့လား "
"မထားဖူးဘူး "
"ထင်သားပဲ အဲ့တာကို မျက်နှာပြောင်လာတိုက်နေတယ် "
စိတ်ပျက်လက်ပျက်နဲ့ပြောလာတဲ့ကောင်လေးကို မခံချင်တာကြောင့် မျက်နှာတည်တည်ထားကာ စကားဆက်ပြောလိုက်တော့သည်။
"ရည်းစားမထားတာက ပျင်းလို့နော် ကြိုက်မယ့်သူမရှိတာမဟုတ်ဘူး "
"ခင်ဗျားကို ကျွန်တော်က မေးလို့လား? "
"မမေးလဲ ဖြေမှာပဲ ဒါနဲ့ မင်းဒီလိုမေးလာတာ အကြောင်းအရင်းတစ်ခုခုရှိလို့မလား ဘာလဲ ကောင်လေး မင်းရည်းစားရနေတာလား "
"ပေါက်ပေါက်ရှာရှာ ကျွန်တော်က ချစ်တဲ့သူရှိပြီးသား သူကလွဲရင် ဘယ်သူ့ကို်မှမချစ်ဘူး "
"နိုင်ငံခြားမှာ ကောင်မလေးရလာတာလား "
"ကောင်မလေးမဟုတ်ပါဘူး "
"သြော် "
"ဆက်မမေးတော့ဘူးလား?"
"သူများ အကြောင်းတွေက်ို သိပ်စိတ်မဝင်စားတက်လို့ပါ "
"ကျွန်တော့်အကြောင်းကိုရော စိတ်မဝင်စားဘူးပေါ့? " ဆိုပြီး ကျန်းကျယ်ဟန်ရဲ့ မျက်နှာရှေ့ကိုတိုးလာလေသည်။
"မင်းက မင်းအကြောင်းတွေကို စိတ်ဝင်စားစေချင်တာလား? " အားကျမခံသူလဲ ရှေ့တိုးလာတဲ့ ကုန်းကျွင်း မျက်နှာနားကို သူကိုယ်တိုင်လဲ နီးကပ်အောင် ထပ်တိုးလိုက်တော့သည်။