Part (10) 💙

282 40 8
                                    

Unicode

ကျန်းကျယ်ဟန် လဲ သွေးဆို့နေတဲ့ ကုန်းကျွင်း လက်တွေကို သေချာဆေးထည့်ပေးနေစဥ် စကားတစ်ခွန်း ကို ကြားလိုက်ရတာကြောင့် ပြုံးမိသွားသည်။

ကုန်းကျွင်း က ကျန်းကျယ်ဟန် ရဲ့ ဆံပင်အုပ်အုပ်လေးအောက်မှာရှိတဲ့ လှပတဲ့မျက်နှာလေးကိုငေးရင်း "ပြည့်စုံလိုက်တာ " ဆိုပြီး သတိလက်လွတ်ပါးစပ်ကပြောမိသွားသည်။ ကုန်းကျွင်း လဲ ကျန်းကျီဟန်ပြုံးတာမြင်တော့ သတိရကာ လက်ကိုဆွဲဖယ်လိုက်တော့သည်။

"ဆေးလိမ်းနေတာမပြီးသေးဘူးလေ "

"ရပြီရပြီ ဒီလောက်ဆို ခင်ဗျားလဲ နေသိပ်ကောင်းတာမဟုတ်ဘူးမလား အနားယူတော့"

"ကောင်လေး မင်းကျောင်းကပြန်လာတာရေမချိုးရသေးဘူးမလား သွားချိုးလိုက်အုံး"

ကျန်းကျီဟန်ရဲ့ ဆေးရုံခန်းက VIPနီးပါးအခန်းဖြစ်သည်။ စျေးကလဲအလွန်များတာကြောင့် ကျန်းကျယ်ဟန် လဲ ဒီဆေးရုံကိုပို့ပေးတဲ့သူကို တကယ်ထိုင်ကန်တော့ချင်နေတာဖြစ်သည်။ ဒါပေမယ့် လဲ အခန်းပြောင်းဖို့မလွယ်တော့တာကြောင့် ကျောင်းလစာကိုကြိုထုတ်ကာ ငွေရှင်းလိုက်တော့မည်ဟုတွေးထားတော့သည်။

"မချိုးချင်ပါဘူး ပြီးတော့ အကျီလည်းမပါလာဘူး"

"ကျောင်းကပြန်လာတာကို မချိုးရင် နုံးနေလိမ့်မယ် ဝတ်စုံတစ်စုံထုတ်ပေးထားမယ် နေ့လည်က ကိုယ့်သူငယ်ချင်းတစ်ယောက်လာပို့ပေးသွားတဲ့ အကျီနည်းနည်းရှိတယ်"

"မချိုးချင်ပါဘူး ဆိုမှ "

"မချိုးချင်ရင် အိမ်ပြန်လိုက်တော​့ ကောင်လေး ညစ်ပတ်တဲ့သူနဲ့ တော့ တူတူမနေချင်ဘူး "

"မနေနဲ့ပေါ့ လာစောင့်ပေးတာတောင်ကံကောင်းတာကို ဂျီးများနေသေးတယ် တကယ်တော့ ရေချိုးသင့်တာက ခင်ဗျားကြီးနော်သိလား ဂျီးတွေဘယ်လောက်များနေမလဲမသိဘူး"

"မင်းလိုများ ညစ်ပတ်တယ်ထင်နေလို့လား ကိုယ်က တစ်နေ့ကို ရေနှစ်ခါချိုးတာရှင်းလား"

"အဲ့တာလေဖြတ်သေမှာသိလား"

"မင်းလိုညစ်ပတ်ပြီးမသေရင်ပြီးရော"

𝑳𝒐𝒗𝒆𝒍𝒚 𝑺𝒊𝒄𝒉𝒖𝒂𝒏Where stories live. Discover now