Part (20) FINAL 💙

401 31 7
                                    

Unicode

လှမ်းမိလှမ်းရာ၊လျှောက်မိလေ​ျှာက်ရာ သွားနေမိရင်း လှေကားပျက်ကြီးတစ်ခုအောက်မှာ ဒူးကိုကွေးပြီး ထိုင်ချလိုက်မိသည်။ အခုထိ မြင်တွေ့ခဲ့ရတာကို မယုံနိုင်သေးချေ။

' မဟုတ်လောက်ဘူးမလား ငါအထင်လွဲနေတာနေမှာပါ မဖြစ်ဘူး ကျန်းလောင်ရှီး ဆီ ပြန်သွားပြီး မေးရမယ် ´  လို့တွေးနေရင်းကနေ ထလိုက်တော့သည်။ထိုစဥ်......

" မတွေ့ရတာကြာပြီနော် ညီလေးကုန်းကျွင်း "

" ကျွန်တော် ပြောစရာစကားမရှိတာမို့ သွားလိုက်ပါအုံးမယ် "

" အသည်းကွဲနေတာလား ဒီက အကိုကြီးက ကုစားပေးနိုင်တယ်နော် "

' သူက ဘယ်လိုလုပ် ဒီကိစ္စကို သိနေရတာလဲ? မဟုတ်မှလွဲရော...´

" ကျန်းလောင်ရှီး ကို အထင်လွဲအောင် တမင်သက်သက် လုပ်ခဲ့တာလား "

" နိုးနိုးနိုး ဒီက အကိုကြီးက မလုပ်ရဲပါဘူးဗျာ "

" အဲ့တာဆိုလဲ ဖယ်ပေးလိုက်တော့ ကျွန်တော့်လမ်းကျွန်တော်သွားမယ် "

" အိုင်းရိုးရိုး နေပါအုံး အရင်ကလို အစ်ကိုဝမ်ချန်ဆိုပြီး မခေါ်တော့ဘူးလား ၊ တစ်ခါလောက် ခေါ်ကြည့်ပါအုံး "

" မတန်တရာ ဖွီ!"

ဒီတစ်ခါတော့ ဝမ်ချန် ဒေါသထွက်သွားလေသည်၊ ဝမ်ချန်အချက်ပြလိုက်သည်နှင့်တစ်ပြိုင်နက် ဘေးမှာပါလာသည့် အစောင့်နှစ်ယောက်က ကုန်းကျွင်း ကို ချုပ်လိုက်ကာ ဒူးကို ကွေးကျသွားအောင် 2ချက်လောက် ကန်လိုက်လေသည်။ မကြာခင်မှာပဲ ကုန်းကျွင်း လဲ ဒူးထောက်ရက် မြေကြီးပေါ် ကျသွားလေတော့သည်။

" မတွေ့တာကြာတဲ့အတော်အတွင်း တော်တော်သတ္တိတွေကောင်းလာပါ့လား ငါ့ညီလေးရယ် အိုင်းရိုးရိုး အခုတော့ ဘယ်ကို ပြေးနိုင်ပါအုံးမလဲ အရင်ဆုံး ထကြည့်ပါအုံးလား "

ကုန်းကျွင်း လဲ မခံမရပ်နိုင်ဖြင့် အားကုန်သုံးပြီး တုန်တုန်ရီရီဖြင့် ထလာနိုင်သော်လဲ နောက်တစ်ချက် ထပ်ကန်ခံလိုက်ရတာကြောင့် ပြန်လဲ ကျသွားရတော့သည်။

" မင်းရဲ့ စိတ်ဓာတ်ကို အရမ်းသဘောကျနေပြီကွာ ဒါပေမယ့် အဲ့စိတ်ဓာတ်ကို ငါကိုယ်တိုင် ဒီနေ့ ရိုက်ချိုးပြမယ် "

𝑳𝒐𝒗𝒆𝒍𝒚 𝑺𝒊𝒄𝒉𝒖𝒂𝒏Where stories live. Discover now