Part (17) 💙

231 28 2
                                    

Unicode

တစ်ခါတစ်လေ ကိုယ်လိုချင်တာတွေကျမရ၊ မလိုချင်တာတွေကျ ရနေတက်ကြတယ်မလား? ဒါဟာ လူ့သဘာဝပါပဲ၊ ဒီကိစ္စတွေကို ဘယ်သူမှမလွန်ဆန်နိုင်ကြဘူးမလား။

ကိုယ်က သူ့အတွက် အတက်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် သူက နည်းနည်းလေးတောင် အရေးမလုပ်ပဲ ပစ်သွားတာမျိုး တွေရော အနည်းနဲ့အများတော့ ကြုံဖူးကြလောက်မှာပါ ။

အခု 1လတောင်ကျော်ခဲ့ပြီလေ သူ့ဆီကနေ အဆက်အသွယ်တစ်ခုတစ်လေတောင် မရခဲ့ပါဘူး။ ဆေးရုံမှာတုန်းက နိုးနိုးချင်း သူ့မိဘတွေနဲ့ဆရာမရှောင်ဟွမ်က သူထွက်သွားပြီလို့ပြောတုန်းက ကျွန်တော် ဘယ်လိုဖြစ်သွားလဲဆိုတာ သူတွေးမိရဲ့လား? တွေးမိမယ်လဲ မထင်ပါဘူး။

ဒါတွေအကုန်လုံး ကျွန်တော့်အမှားတွေကြောင့်ပါပဲ ကျွန်တော်သာ ပွင့်လင်းခဲ့ရင် ဒီလိုအခြေအနေတွေ ဖြစ်လာမယ်မထင်ပါဘူး။ ကဲပါ ဒါတွေက ပြီးခဲ့ပါပြီ အပြင်ကလူတွေကြည့်ရင်တော့ ရင့်ကျက်တဲ့ကျောင်းဆရာတစ်ယောက်က ဒီလိုကလေးအတွေးတွေ ရှိတယ်ဆိုပြီး လှောင်ပြောင်ကြပါလိမ့်မယ်။အရာရာဟာ ပြီးဆုံးသွားပါပြီ နာကျဥ်မှုတွေက ဒီလောက်နဲ့လုံလောက်ပါပြီ။

တစ်ယောက်ထဲ ကော်ဖီဆိုင်ထဲကနေ အပြင်မှာ ရှိတဲ့ စီချွမ်မြို့ကြီးရဲ့ အလှတရားကိုငေးနေရင်း ကျန်းကျယ်ဟန် တစ်ယောက် အတွေးထဲတွင် မေးခွန်းများကို ထုတ်နေလေသည်။ ထိုအချိန်

" အကိုကြီး ဒီနေ့ရော ခါတိုင်းလို ကော်ဖီ ခါးခါးလေးတစ်ခွက်ပဲလား "

စာပွဲထိုးကောင်မလေးက မေးလာတာကြောင့် တွေးနေတဲ့အတွေးများလဲ အဝေးဆုံးကို လွှင့်ထွက်သွားလေတော့သည်။

"အွန်း ဒီနေတော့ အခါးလျှော့ပေး "

"အိုခီ "

ဆေးရုံကဆင်းကတည်းက ဒီကော်ဖီဆိုင်လေးကို စနေ​ေန့နဲ့တနဂ်နွေနေ့တိုင်း ပြန်လာနေကြမို့ ဆိုင်က ဝန်ထမ်းတွေနဲ့လဲ တော်တော်ခင်နေမိသည်။

ဒီနေ့တော့ သီချင်းတစ်ပုဒ်ရေးဖို့ idea ရထားတာမို့ စာမျက်နှာတစ်ခုပေါ်တွင် " Surround " ဆိုတဲ့ ခေါင်းစဥ်တစ်ခုကိုတပ်လိုက်လေသည်။

𝑳𝒐𝒗𝒆𝒍𝒚 𝑺𝒊𝒄𝒉𝒖𝒂𝒏Where stories live. Discover now