Part (14)💙

304 34 12
                                    

Unicode

ဝမ်ချန် ချိန်းထားတဲ့နေရာသို့ရောက်အောင် နာရီဝက်ကျော်သွားရသည်။အိမ်ကြီးက လမ်းမကြီးတွေဘေးမှာရှိတဲ့အိမ်မျိုးမဟုတ်သလို ဂျောင်ကျတဲ့နေရာမျိုးလဲ မဟုတ်ပေ။ ခဏကြာတော့   ထိုအိမ်ကြီးရှေ့သို့ ရောက်လာခဲ့ကြသည်။

အိမ်ထဲကနေ လူနှစ်ယောက်ထွက်လာပြီး ခြံထဲကို ​ကားဝင်ဖို့ပြောလာသည်။ ကားဝင်ပြီးရင် ပြန်ထွက်လို့မလွယ်တော့မှာစိုးတာကြောင့် ကျန်းကျယ်ဟန်က ကားပေါ်က ဆင်းလိုက်ကာ ထိုလူနှစ်ယောက်ဆီကို စကားပြောဖို့သွားလိုက်တော့သည်။

"ရတယ် ကားကိုအထဲမသွင်းတော့ဘူး မင်းတို့လိုချင်တဲ့ပိုက်ဆံပေးမယ် လူကိုထုတ်ပေး "

"အဲ့လိုလုပ်လို့မရပါဘူး Boss က အိမ်ထဲကို ဝင်လာဖို့မှာထားပါတယ် "

"ဝင်မတွေ့နိုင်ဘူးဆိုရင်ရော?  "

ကျန်းကျယ်ဟန် ပြောလိုက်တဲ့စကားကြောင့် ထိုလူနှစ်ယောက်က သူ့ကို ဝိုင်းထိုးဖို့ပြင်လိုက်တော့သည်။

"သြော် ရောက်လာကြပြီလား?"

အိမ်ထဲကနေ ထွက်လာတဲ့လူတစ်ယောက်။ သူက ဝမ်ချန်ဖြစ်မယ်၊ အဝေးကကြည့်ရုံနဲ့တင် ပျိုတိုင်းကြိုက်မယ့် သူမျိုးဆိုတာ ခန့်မှန်းလို့ရတယ် အရပ်ကလဲ သူ့ထက်အနည်းငယ်ရှည်သည်။ စကားပြောတဲ့ပုံစံကလဲ လူတစ်ယောက်ကို အလွယ်တူဆွဲဆောင်နိုင်တဲ့ပုံ ရှိသည်၊ ဒါကြောင့် သူတပည့်လေးက ဝမ်ချန်ကို သည်းသည်းလှုပ်နေတာကိုးးးဆိုပြီးတွေးမိသွားတော့သည်။

"မင်းတို့တွေကလဲ အသုံးကိုမကျဘူး ငါ့ရဲ့အထူး ဧည့်သည်လေးကို မင်းတို့က အဲ့လို ဧည့်ခံတာလား "

"မဟုတ်ရပါဘူး Boss ကျွန်တော်တို့စိတ်လောသွားလို့ပါ "

ဝမ်ချန်လဲ သူ့လူနှစ်ယောက်ကိုဆက်မပြောတော့ပဲ ကျန်းကျယ်ဟန်ဘက်ကို လှည့်လာတော့သည်။

"Hello ကျွန်တော်က ဝမ်ချန်ပါ ကျွန်တော့်အကြောင်းတွေကို ညီလေး ကုန်းကျွင်း ဆီက ကြားထားတာတွေတော့ရှိတယ်မလား သူပြောတာတွေနဲ့ အခု ကျွန်တော်ပုံစံနဲ့ကွာခြားနေတယ်လို့ခင်ဗျားမထင်ဘူးလား"

𝑳𝒐𝒗𝒆𝒍𝒚 𝑺𝒊𝒄𝒉𝒖𝒂𝒏Where stories live. Discover now