Part (19) 💙

194 29 19
                                    

Unicode

ထုံးစမ်းအတိုင်း တစ်လှမ်းချင်းစီ လှမ်းရင် ဒီကော်ဖီဆိုင်လေးကိုပဲ အခြေချမိနေသည်။ ဒီနေ့တော့ စိတ်ထဲမှာ လန်းဆန်းနေတယ်လို့ ကျန်းလောင်ရှီးတစ်​​ယောက် ခံစားနေမိလေသည်။

ကော်ဖီဆိုင်ထဲကို ဝင်ဝင်ချင်း မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ပျော်လဲပျော်မိသလို ကြောင်လဲကြောင်မိသွားသည်။ ' ဒီကောင်လေး ဒီကို ဘာလာလုပ်တာပါလိမ့်?´

ထိုကောင်လေးထိုင်နေတဲ့နေရာဆီကို သွားမိလိုက်သည် ၊ ခဏကြာတော့ မော့ကြည့်လာလေသည်။

"တိုက်တိုက်ဆိုင်ဆိုင် ပဲနော် ကျန်းလောင်ရှီး "

" တိုက်ဆိုင်တာလား တမင်လုပ်နေလားဆိုတာ ဘုရားပဲ သိနိုင်ပါတော့တယ် "

" ဘာအဓိပ္ပါယ်လဲ? "

" ဘာမှမဟုတ်ပါဘူး "

" ကျန်းလောင်ရှီး! "
ကုန်းကျွင်း အော်လိုက်တာကြောင့် ကော်ဖီဆိုင်ထဲကလူတွေအားလုံးရဲ့ အကြည့်တွေက သူတို့နှစ်ဦးဆီကို ခဏတာ ကျရောက်လာလေတော့သည်။

" မင်းက အရင်ကအတိုင်းပဲ စွာတာက မပြောင်းလဲသေးဘူးပဲ "

" ရှူးတိုးတိုး ကောင်လေး မင်းငါ့ကို လာတွေ့ရင်တွေ့တယ်ပေါ့ ဘာတွေပြောနေတာလဲ "

"ရူးနေလား နိုင်းနိုင်းက စီချွမ်မှာ ဒီ ကော်ဖီဆိုင်က လက်ရာအမြောက်ဆုံးလို့ပြောလို့ လာသောက်ကြည့်တာ "

" မင်းအရင်တစ်ခေါက်ကလဲ သောက်ဖူးတယ်မလား? ဟိုနေ့က လေဆိပ်ဆင်းတုန်းကလေ"

" အဲ့တာ ဟိုဟို.. ကျွန်တော်ဘာသာသောက်ချင်လို့လာတာကို ကျန်းလောင်ရှီး က ဝင်ပြီးစွက်ဖက်နေတာလား"

" မလုပ်ရဲပါဘူး မလုပ်ရဲပါဘူးဗျာ "

ခဏကြာတော့ နှစ်ယောက်လုံး တိတ်ဆိတ်သွားကြလေသည်။

" အဲ့တာ ဘာတွေရေးနေတာလဲ "

" ဒီတိုင်းပါပဲ "

" မှာထားတဲ့ဟာလေး ရပါပြီနော် အကိုကြီး နေ့တိုင်း သီချင်းတွေရေးနေတာ မပျင်းဘူးလား ရည်းစားလေးဘာလေး အရင်ရှာပါအုံးဆိုမှ ပြောရတာ လျှာထွက်တော့မယ် "

𝑳𝒐𝒗𝒆𝒍𝒚 𝑺𝒊𝒄𝒉𝒖𝒂𝒏Where stories live. Discover now