Part (6)💙

346 42 5
                                    

Unicode

ကျန်းကျယ်ဟန်လဲ ကုန်းကျွင်း လက်ကိုဆွဲကာ ကုန်တိုက်ရှေ့ကိုထွက်လာတော့သည်။

"ကောင်လေး မင်းက အဲ့မိန်းမလိုမိန်းမရကောင်နဲ့ ဘယ်လိုလုပ်ပြိုင်ဘက်ဖြစ်နေရတာလဲ"

"ကျွန်တော်က သူ့ရဲ့ပြိုင်ဘက်မဟုတ်ပါဘူး သူက လိုက်ပြိုင်နေတာ "

"ဒါဆို မင်း နိုင်ငံခြားမှာ အဲ့လိုနှောက်ယှက်တာခံနေကြပေါ့ "

"အင်းလေ ဒါပေမယ့် အဲ့မှာက ကျွန်တော့်ကို ကာကွယ်ပေးမယ့်အကိုကြီးရှိတယ် "

"ဒီမှာကြ မင်းကိုကာကွယ်ပေးမယ့်သူမရှိတော့ သနားစရာလေးပေါ့"

"ခင်ဗျားနော် ကာကွယ်ပေးမယ်မပြောပဲ လှောင်နေလိုက် "

"ဘာလို့ ကိုယ်က မင်းကိုကာကွယ်ပေးရမှာလဲ"

"ဘာလို့လဲဆိုတော့ ကျွန်တော်က ကျန်းလောင်ရှီးရဲ့ တပည့်လေးမို့လို့ပါဗျ "

"ခုမှလူလိုသူလိုပြောတာကြားဖူးတော့တယ် "

"မေ့နေတာ ကာကွယ်တာတွေ မကာကွယ်တာတွေနောက်မှ မွေးနေ့ကိတ်! မွေးနေ့ကိတ်လေ ! "

"မင်းက အပေါ်ကိုပြန်သွားအုံးမှာလဲ သူတို့နဲ့ပြန်တွေ့နေအုံးမယ် "

"ထားလိုက်ပါ ကိတ်မုန့်တစ်လုံးလေးပဲ မယူတော့ဘူး လမ်းမှာပဲ ထပ်ဝယ်သွားကြတာပေါ့"

"သဘောလေ "

ကုန်းကျွင်း က ေကာ့တော့ကော့တော့နဲ့ထွက်သွားတာမို့ ကျန်းကျယ်ဟန် လဲ နောက်ကလိုက်ရပြန်တော့သည်။

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

္"နိုင်းနိုင်းရေ ပြန်လာပါပြီ"

"လာကြပြီလား ဘာတွေဝယ်လာတာလဲ မြေးရယ်"

"ဒီကမြေးချောလေးက နိုင်းနိုင်းမွေးနေ့ကို ပျော်ပျော်ရွှင်ရွှင်လေးဖြစ်အောင်လို့ လိုအပ်တာလေးတွေဝယ်လာတာပါနော်"

"အမလေး မြေးလိမ္မာလေးရယ် ပင်ပန်းသွားပြီ ဆရာကျန်းကိုလဲကျေးဇူးတင်ပါတယ် တစ်ခါထဲ နေ့လည်စာပါ စားသွားလိုက်တော့လေ "

"မဟုတ်တာ အန်တီရယ် ကျွန်တော်သွားတော့မယ် မြေးအဖွားနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်နေကြပါ "

𝑳𝒐𝒗𝒆𝒍𝒚 𝑺𝒊𝒄𝒉𝒖𝒂𝒏Where stories live. Discover now