Unicode
နေရောင်ခြည်ဖျော့ဖျော့လေးတွေက လူက်ို နိုးထဖို့ ဆွဲဆောင်နေလေသည်။ တစ်ချို့လူတွေကတော့ ကိုယ့်ပျော်ရွှင်ရာအတွက် အကောင်းဆုံးနိုးထလာကြသလို တစ်ချို့လူတွေမှာတော့ နိုးထဖို့ ကြောက်ရွံမှုတွေပေးသည့် ဝမ်းနည်းမှုတွေရှိတာကြောင့် တစ်ခါတစ်လေ နေရောင်ခြည်လေးတွေကိုဆန့်ကျင်ပြီး ဆက်လက်အိပ်စက်ဖို့တွေးထားလိုက်တော့လေသည်။
မနေ့က အသည်းခိုက်အောင်ထိ ကျန်းကျယ်ဟန် အပေါ် ဝမ်ချန်က နှိပ်စက်ပြီးလုပ်ခဲ့ပေမယ့် ကတိအတိုင်း ကုန်းကျွင်း အတွက် ဆေး၊ အစားအစာ ၊ အဝတ်အထည် အချို့ကို ပေးလာတာကြောင့် နာကျင်မှုကို မေ့ပျောက်ထားလိုက်တော့လေသည်။
ကုတင်ပေါ်မှာ အိပ်ပျော်နေသည့် ကုန်းကျွင်းရဲ့ နဖူးပေါ်သို့ လက်တင်ပြီး အဖျားစမ်းကြည့်လိုက်ကာ အတွေးတစ်ခုဝင်လာလေသည်။
'မနေ့က ငါဘာလို့ တအားပျော့ညံ့သွားရတာလဲ? ကိုယ့်အသားကို အနာခံပြီး သူများက်ို ကယ်ခဲ့တာလား? ဒါထိုက်တန်တယ်လို့ပြောရမလား၊ မိုက်ရူးရဲဆန်တယ်လို့ပြောရမလား?´
တစ်ယောက်ထဲ အတွေးထဲနစ်မြောနေတုန်း လက်တင်ထားသည့်နေရာက အနည်းငယ်လှုပ်လာတာကြောင့် လှမ်းကြည့်မိလိုက်သည်။ မျက်နှာလေးက ဖြူဖက်ဖြူရော်ဖြစ်ကာ အခုပင် ကြွေကျသွားမည့်အလားပင်ဖြစ်နေသည်။
"နိုးလာပြီလား? "
" အင်း ကျန်းလောင်ရှီးရော အဆင်ပြေရဲ့လား အနာကိုရော ဆေးထည့်ပြီးပြီလား?"
"အွန်း ပြီးပြီ အခု တစ်ခုခု ဆက်လုပ်ဖို့ အစီအစဉ် ဆွဲမှရမယ် "
"အခုထိ မားမားနဲ့ပါးပါးက မလာသေးဘူး လား တကယ်ဆို ရောက်သင့်နေပြီ "
"သူတို့လဲ အစီအစဉ် တွေ လုပ်နေလို့ ကြာနေတာနေမယ် "
"ကျွန်တော်တို့ အခုဘာလုပ်ကြမလဲ နိုင်းနိုင်းရောတွေ့မိသေးလား အခုဘယ်နေရာမှာလဲ "
"ကိုယ်လဲသေချာမသိဘူး ဒီအပေါ်ထပ်ရဲ့ အခန်းတစ်ခန်းထဲမှာပဲထင်တယ်"
"အခုသွားကြည့်ရင်ရော အဆင်ပြေလောက်လား "
"မပြေဘူး တံခါးကို သော့ခတ်ထားတဲ့အပြင် လှေကားမှာလဲ လူတွေရှိပုံရတယ် "