Part (12)💙

243 38 7
                                    

Unicode

ကြီးမားပြီးတောင့်တင်းလှတဲ့ ကျန်းကျယ်ဟန်ရဲ့ ရင်ခွင်ကြီးထဲမှာ ကုန်းကျွင်း တစ်ယောက် အတော်အတန်ကြာတဲ့ထိ နစ်မြုပ်နေကာ သတိဝင်လာတော့မှာ ကုန်းကျွင်း လဲ ရုန်းထွက်လိုက်တော့သည်။

ကျန်းကျယ်ဟန် လဲ ကုန်းကျွင်း ကို လွှတ်ပေးလိုက်ကာ ဟိုကြည့်ဒီကြည့်လုပ်နေတော့သည်။

"မင်းမနက်စာ ယူမလာပဲ ပြေးလာတာလား?"

"အင်းလေ သူတို့က ပြေးလိုက်လာတော့ အမြန်ပြေးလာရတာပေါ့ "

"မင်းက တော်တော်တော့ ကြောက်တက်တာပဲ" ရီပြီးပြောလာတဲ့ ကျန်းကျယ်ဟန် ကြောင့် ကုန်းကျွင်း ပိုစိတ်တိုသွားရသည်။

"ကျွန်တော်မကြောက်ပါဘူး ကြောက်တယ်လို့ ဘယ်တုန်းကပြောမ်ိလို့လဲ "

"မကြောက်ရင် ဘာလို့ မနက်စာယူဖို့တောင်မေ့ပြီး ပြန်ပြေးလာရတာလဲ ကောင်လေး မလိမ်ပါနဲ့ ကိုယ်က မင်းရဲ့ဆရာပဲ မင်းအကြောင်းအကုန်သိပြီးသား"

"ခင်ဗျား!! စေတနာနဲ့ကိုမတန်ဘူး ကျွန်တော်ကြောင့်ခင်ဗျားကိုပါ ပတ်ရမ်းခံရမှာစိုးလို့ မမြင်အောင်ပြေးလာတာကို ကြောက်တယ်ထင်နေလဲထင်လိုက်ပါ။ ကျွန်တော်​ကြောက်တာက ခင်ဗျားထိခိုက်မှာကိုပဲ! "

စကားပြောပြီးပြီးချင်း အခန်းပြင်ကို ထွက်သွားတဲ့ ကုန်းကျွင်း ကို လိုက်ကြည့်ရင်း ကျန်းကျီဟန်လဲ ကြောင်နေတော့သည်။ နောက်မှ အသိစိတ်ဝင်ကာ ကုန်းကျွင်း နောက်ကို လိုက်သွားတော့သည်။

ကုန်းကျွင်း လဲ စိတ်တိုကာ ဆေးရုံကောင်တာမှာ Driver ထားခဲ့တဲ့ မနက်စာကို သွားယူလိုက်တော့သည်။

"ဟော် နောက်ဆုံးတော့ သူရဲကောင်းလေးက အပြေးတော့ပဲ ထွက်လာပြီပေါ့"

ကောင်တာကနေ မနက်စာအတွက်ယူပြီး ကျန်းကျီဟန် ဆီ ပြန်မည်အလုပ် လင်းဟူတို့ရောက်လာတာကြောင့် ကုန်းကျွင်း အကျပ်ရိုက်သွားတော့သည်။

"ပေါက်ကရမပြောနဲ့ အပြင်ထွက်ခဲ့ ဆေးရုံက လူတွေအနှောက်အယှက်ဖြစ်လိမ့်မယ် "

"Okလေ "

လင်းဟူတို့အဖွဲ့လဲ ကုန်းကျွင်း နဲ့အတူ ဆေးရုံအပြင်ကိုထွက်လာတော့သည်။

𝑳𝒐𝒗𝒆𝒍𝒚 𝑺𝒊𝒄𝒉𝒖𝒂𝒏Where stories live. Discover now