Unicode
ေအာ်လာတဲ့အသံကိုရင်းနှီးနေသည် ပိုပြီး သေချာအောင် လှည့်ကြည့်လိုက်တော့ ခန့်မှန်းထားသည့်အတိုင်း ရှောင်ဟွမ် ဖြစ်လို့နေသည်။
" ရှောင်ဟွမ် မင်းကငယ်သေးတယ် ကိုကြီးကိစ္စတွေကိုဝင်မပါနဲ့ မဟုတ်ရင် ကိုကြီး အဆိုးမဆိုနဲ့ ခုချက်ချင်းအိမ်ပြန်တော့! မင်းတို့ သူ့ကို သေသေချာချာလိုက်ပို့ပေးလိုက်ကြ "
"မပြန်ဘူး ကိုကြီးလုပ်ရပ်တွေကို ဒီအတိုင်းမကြည့်နေနိုင်ပါဘူး! ကိုကြီးက ဟွမ့်ကို ညီမလေးအရင်းလိုသဘော မထားလို့ ဒီလိုကိစ္စတွေကို ဝင်မပါခိုင်းတာလား! "
ငိုသံစွက်ကာပြောလာတဲ့ရှောင်ဟွမ်ကြောင့် ဝမ်ချန်တွေးဝေသွားရသည်။
"ရှောင်ဟွမ်!ထင်ရာတွေလျှောက်ပြောမနေပါနဲ့ ကိုကြီးက ညီမလေးကို မထိခိုက်စေချင်လို့ပါ "
တကယ်တမ်းပြောရရင် ရှောင်ဟွမ် က ဝမ်ချန်ရဲ့အချစ်ရဆုံးညီမလေးဖြစ်သလို ဘာမဆိုလိုအပ်တာတွေ အမြဲဝယ်ပေးတက်သူဖြစ်သည်။ ဝမ်ချန်အဖေက ရှောင်ဟွမ်ကို အသက်နည်းနည်းကြီးမှ ဂေဟာကနေ ခေါ်လာခဲ့ပေမယ့် ရှောင်ဟွမ်က ဝမ်ချန်အပေါ် အကိုတစ်ယောက်လို သံယောဇဉ် တွယ်သလို ဝမ်ချန်ကလဲ ရှောင်ဟွမ်ကို သံယောဇဉ် တွဲမိနေသည်။
ကျန်းကျယ်ဟန်တစ်ယောက် ငုတ်တုပ်မေ့နေမိပြီ အခု သူက မသေပဲ မောင်နှမနှစ်ယောက် ရဲ့ ဇာတ်လမ်းတွေကို ကြည့်ရတော့မှာလား?
"အဲ့တာဆို ဟွမ့်ကို ကတိတစ်ခုပေးနိုင်မလား?"
"ပြောကြည့်လေ ကိုကြီးက ဖြစ်နိုင်တာမှန်သမျှ လုပ်ပေးနိုင်တယ် "
"အဲ့တာဆို ဟွမ့်ချစ်တဲ့သဘော ကျတဲ့ အရာတွေကို မဖျက်စီးပါနဲ့!"
"okလေ ကိုကြီး ညီမလေးကို ကတိပေးပါ့မယ် ကတိလဲပေးပြီးပြီဆိုတော့ အိမ်ကိုကောင်းကောင်းပြန်တော့နော် "
"နေအုံးကိုကြီး ဟွမ့်စကားမဆုံးသေးဘူး သူက ဟွမ် သဘောကျရတဲ့လူပဲ "
ရှောင်ဟွမ်က ကျန်းကျယ်ဟန်ကို လက်ညိုးထိုးပြီးပြောလာတာကြောင့် ငုတ်တုပ်မေ့နေတဲ့ ကျန်းကျယ်ဟန်မှာ မျက်လုံးတွေပြူးထွက်လာရသည်။သေချာတာတစ်ခုကတော့ မောင်နှမဇာတ်လမ်းထဲ သူပါ ပါဝင်ရတော့မှာပေါ့!