Part (18)💙

215 34 2
                                    

Unicode

နွေဦးရာသီထဲကို စတင်ဝင်နေလေ​ပြီ။ ကျောင်းသူကျောင်းသားများကလဲ အသီးသီးစားမေးပွဲ ဖြေပြီးကြပြီမို့ မွေးရပ်မြေကို ပြန်တဲ့သူကပြန် ခရီးသွားတဲ့သူကလဲ သွားကုန်ကြပါပြီ။

တစ်ကောင်ကြွက်သမားတွေအတွက်ကျတော့ သွားစရာအမျိုးအိမ်မရှိ တစ်ယောက်ထဲ ခရီးသွားဖို့ဆိုတာကလဲ ပျင်းဖို့ကောင်းလွန်းနေသည်။ ဒါပေမယ့် ဒါမျိုးတွေကို ကျန်းကျယ်ဟန်တစ်ယောက်က နှစ်တိုင်းဖြတ်ကျော်ပြီးခဲ့ပါပြီ ဒီနှစ်လဲ ဟိုသွားဒီသွားနဲ့ပဲ အချိန်ကုန်ဖို့ပြင်ဆင်ထားလေသည်။

ကျောင်းပိတ်ကတည်းက ရှောင်ဟွမ်နဲ့လဲ အဆက်အသွယ်ပြတ်သွားလေသည်။ ဘယ်သွာမယ်ဆိုတာလဲ မပြောသွားသလို သူကလဲ စပြီး မဆက်သွယ်လာတာကြောင့် ကျန်းကျယ်ဟန် လဲ ဂရုစိုက်မနေတော့ပဲ ကိုယ့်ဘာသာကို နေလိုက်လေတော့သည်။

ထုံးစံအတိုင်း coffee ဆိုင်လေးကို ရောက်နေတာမို့ ကိုင်ထားလိုက်စ ဘောပင်လေးကို ချကာ ကော်ဖီတစ်ငုံ ယူသောက်လိုက်လေသည်။

ထိုစဥ်

" Americano နှစ်ခွက်နဲ့ ဟိုနားက ကိတ်မုန့်လေး ထည့်ပေးပါဗျ "

ဒီ အသံကို သူရင်းရင်းနှီးနှီးကြားဖူးနေပါသည် မဟုတ်မှလွဲရော? သူ? သူ? သူများလား? ပါးစပ်ကတော့ မဟုတ်လောက်ပါဘူးလို့ပြောနေပေမယ့် စိတ်ထဲကတော့ " သူဖြစ်ပါစေ" လို့ပဲ ဆုတောင်းမိနေလေသည်။

စားပွဲထိုးက ကျန်းကျယ်ဟန် ရဲ့ ဝါးတားတားအသံကိုကြားလာတာကြောင့် ပြေးလာလေသည်။

" ဘာထပ်မှာအုံးမလို့လဲဟင်? ကော်ဖီနောက်တစ်ခွက်လား? "

" မမှာတော့ပါဘူး "   သူစကားပြောပြီးပြီးချင်း ခုနက ကောင်လေးကိုပြန်ကြည့်လိုက်တော့ သူ့ကိုစိုက်ကြည့်နေလေသည်။

'ငါ ဘာလုပ်ရမလဲ? တပည့်လေးဆိုပြီး သွားခေါ်ရမလား မဖြစ်သေးပါဘူး ငါ့သိက္ခာရှိသေးတယ် မသိချင်ယောင်ဆောင်လိုက်ရမလား ´

" မတွေ့တာကြာပြီနော် ကျန်း....လောင်.....ရှီး "

သူအတွေးများနေစဥ်မှာပဲ သူ့နားကို ဘယ်ချိန်ကတည်းက ရောက်လာမှန်းမသိလိုက်တဲ့ ကောင်လေးက သူ့နာမည်ကို တစ်လူံးချင်းစီခေါ်ကာ စကားစပြောလာတော့သည်။

𝑳𝒐𝒗𝒆𝒍𝒚 𝑺𝒊𝒄𝒉𝒖𝒂𝒏Where stories live. Discover now