"အော် ..သား ပြန်လာပြီလား"
"ဟုတ်"
Taehyung အိမ်ထဲကိုဝင်ဝင်ချင်း Omma ရဲ့အသံကိုကြားလိုက်ရလို့လှည့်ကြည့်လိုက်တော့ဧည့်ခန်းထဲမှာ Omma အပြင် လူတယောက်ထိုင်နေတယ် ရှုပ်ရှုပ်ယှက်ယှက်တွေကိုစိတ်မဝင်စားလို့ပြီးပြီးရောဖြေပြီးအခန်းထဲကိုဝင်ဖို့လုပ်သည်
"သား လာဦး ထိုင်"
Omma ကခေါ်လို့မသွားချင်ပဲနဲ့သွားထိုင်လိုက်ရသည်
"သား ဒါသားကိုစာသင်ပေးမဲ့ဆရာ သူ့နာမည်က..."
"ဗျာ စာသင်ပေးမဲ့ဆရာ Omma ကျွန်တော်ကိုယ့်ဘာသာစာလုပ်နိုင်တယ် ဆရာတွေဘာတွေမလိုဘူး ပြန်လွှတ်လိုက်ပါ"
"သား Omma စကားကိုနားထောင်စမ်းပါ သားနားမလည်တာတွေမေးလို့ရတာပေါ့ သားကောင်းဖို့ပါကွယ်"
"Omma!!ကျွန်တော်မလိုဘူးလို့ပြောနေတယ်နော်"
"Kim Taehyung!!ငါ့စကားကိုနားထောင်စမ်း
နားမထောင်ရင်နင်အိမ်ထဲကအိမ်ပြင်မထွက်ရဘူး မှတ်""ဟာဗျာ Omma တို့ကလုပ်ပြီ ပြီးတာပဲဗျာ သင်နိုင်ရင်တော့သင်ပေါ့ နောက်ကျတော့မှကျွန်တော့်အဆိုးမဆိုနဲ့ ဒါပဲမလား သွားပြီ"
Taehyung သူ့Omma ခေါ်နေတာကိုမကြားချင်ယောင်ဆောင်ပြီးထွက်လာခဲ့သည်
"ဟဲ့..ဟဲ့ အော် ဒီကောင်လေးကတော့ အားနာလိုက်တာ ဆရာရယ်"
"ရ..ရပါတယ် အန်တီ ကျွန်တော့်ကိုဆရာလို့မခေါ်ပါနဲ့ Jungkook လို့ပဲခေါ်ပါ
ပြီးတော့ သူကလူငယ်ပဲရှိသေးတော့အပြောအဆိုမတတ်သေးတာပါ ရတယ်အန်တီ""အေးပါကွယ် ကျေးဇူးပါပဲ သားကအဲ့လိုပဲဆိုးတယ် ဆရာ...မဟုတ်ပါဘူး Jungkook သား မနက်ဖြန်လောက်စသင်ပေးလို့အဆင်ပြေလားကွဲ့"
"ဟုတ် ပြေပါတယ် အန်တီ အချိန်ကတော့ သူနဲ့ညှိကြည့်လိုက်ပါအုံး ကျွန်တော်ကတော့အဆင်ပြေပါတယ်"
"အေး အေး"
"ဟုတ် အဲ့တာဆို ကျွန်တော့်ကိုခွင့်ပြုပါအုံး"
"အေးပါကွယ် အေးပါ"
Jungkook နှုတ်ဆက်ပြီးထွက်လာခဲ့သည်