"ကဲ မင်းရဲ့ကျောင်းစာအုပ်တွေထုတ်"
"....."
"Taehyung မင်းကိုပြောနေတာကြားလား စာအုပ်တွေထုတ်"
ဒီနေ့ Jungkook Taehyung ကိုစာစသင်ပေးရသည့်နေ့ဖြစ်သည် Jungkook ရောက်နေတာ 15 မိနစ်လောက်ရှိပြီ ဘာစာမှမသင်ပေးရသေးသလို ဘာစာမှလည်းမမေးဘဲနဲ့ ဆေးလိပ်တွေတလိပ်ပြီးတလိပ်သောက်နေသည် Jungkook စကားပြောရင်လည်းမကြားသလိုနဲ့ပေစောင်းစောင်းကြည့်သေးသည်
"ပေးစမ်း အဲ့ဆေးလိပ်"
Jungkook ပြောလည်းပြောရင်းဆေးလိပ်ကိုဆွဲယူပြီးအမှိုက်ပုံးထဲသွားထည့်လိုက်သည်
"ဟာ...ခင်ဗျားဒါဘာလုပ်တာလဲ"
"လွှင့်ပစ်လိုက်တာလေ မမြင်ဘူးလား"
"ဘာလို့လွှင့်ပစ်လိုက်တာလဲ ခင်ဗျားဟာမို့လို့လား ကျစ်"
"ငါဆေးလိပ်နံ့မခံနိုင်ဘူး...."
"Fuck မခံနိုင်ရင်တော့ဂျောင်းလေ ကျုပ်ဘာသာကျုပ်ကြိုက်လို့သောက်တာ"
"ငါမင်းထက်အသက်ကြီးတယ် ငါ့ကိုရိုင်းရိုင်းစိုင်းစိုင်းလာမပြောနဲ့"
"ပြောတော့ ဘာဖြစ်လဲ မကျေနပ်ဘူးလား"
Taehyung မျက်ခုံးတဖက်ကိုပင့်ပြီးမထီမဲ့မြင်ပုံစံနဲ့ပြောလိုက်သည်
"ဟူး......Taehyung ငါမင်းနဲ့ရန်ဖြစ်ဖို့လာတာမဟုတ်ဘူး စာသင်ဖို့လာတာ ယဉ်ကျေးပြရမယ်လို့ဆိုလိုတာမဟုတ်ပေမယ့် ငါ့ကိုရိုင်းရိုင်းစိုင်းစိုင်းတော့မပြောဖို့တောင်းဆိုတာ"
"ဟက် ငွေမျက်နှာနဲ့ဆိုတော့အသံကပျော့သွားပြန်ရောနော်"
Jungkook Taehyung ကိုမော့ကြည့်လိုက်သည် Taehyung ကိုသူဒီလောက်ထိရိုင်းစိုင်းလိမ့်မယ်လို့မထင်ထားခဲ့ဘူး သူချမ်းသာတိုင်းတခြားသူကိုနှိမ်တဲ့စကားပြောတဲ့သူတွေကိုJungkook အရမ်းမုန်းတယ် မဟုတ်ဘူး ရွံတယ် ဒါပေမယ့် Seokjin hyung နဲ့သူ့ရဲ့အနာဂတ်က Taehyung ပြောတဲ့ငွေရှိမှအဆင်ပြေမှာမို့လို့ Jungkook စိတ်ကိုအတတ်နိုင်ဆုံးလျှော့ချလိုက်သည်
"Taehyung.....မင်းရဲ့ကျောင်းစာအုပ်တွေထုတ် ဒီနေ့သင်လိုက်တာတွေပြန်ရှင်းပြမယ်"