Part-10

2.3K 230 19
                                    

"Tae"

"ဟင် ဘာလဲ"

"ဒီနေ့ည Mina ရဲ့အိမ်မှာ party လုပ်မှာတဲ့ကွ လိုက်မှာမလား"

"ဘယ်က Mina လဲ"

Taehyung ဆေးလိပ်ကိုအားနဲ့တချက်ရှုစုပ်လိုက်ရင်းမေးသည်

"ဟာ....စောက်ကောင်ရာ မင်းကိုဒီလောက်လိုက်နေတဲ့ကောင်မလေးလေ မသိဘူးလား"

"မသိပါဘူးကွာ ခေါင်းထဲကိုမထည့်တာ ပြီးတော့ငါမလိုက်တော့ဘူး"

"ဟာ....လိုက်ခဲ့ပါကွာ မင်းကလည်း ဟိုကမင်းကိုဖိတ်သွားတာကို"

"တော်ပြီကွာ ငါစာလုပ်စရာတွေရှိသေးတယ်"

"ဗုဒ္ဓေ ဘယ်တုန်းကများ Kim Taehyung လိုကောင်မျိုးကစာလုပ်ချင်သွားတာပါလိမ့်"

Jimin ရဲ့စကားကြောင့် Taehyung ခပ်ဟဟရယ်ကာ ခေါင်းကိုငုံ့ထားလိုက်သည် ဘာလို့မှန်းအကြောင်းအရင်းကိုရေရေရာရာမသိပေမယ့် အရင်တုန်းကလိုကျောင်းလစ်တာမျိုးတွေမလုပ်ချင်တော့ပဲအိမ်ကိုပဲမြန်မြန်ပြန်ရောက်ချင်နေသည် ပြီးတော့ Jungkook...Jungkook ကိုတွေ့ချင်နေသည် Jungkook ရဲ့လက်ကိုကိုင်ပြီးတဲ့နေ့ကစပြီး အဲ့လက်လေးကိုပဲတသက်လုံးဆုပ်ကိုင်ထားချင်မိတဲ့အတွေးတွေဆိုတာဖျောက်ပစ်လို့ကိုမရ....

"သေချာတာကတော့ ငါ့အကျင့်တွေကိုငါပြင်မိတော့မယ်ထင်တယ်......"

"ဟင် ဟေ့ကောင် ဘာလို့လဲ မင်းအဲ့ဆရာကိုများ...."

Jimin ရဲ့စကားမဆုံးခင်ကျောင်းတက်ခေါင်းလောင်းတီးသံကိုကြားလိုက်ရသည်

"ငါသွားတော့မယ် အတန်းမလွတ်ချင်ဘူး ဘိုင့်"

"ဟေ့ကောင် နေအုံးလေ ငါ့ကိုစောင့်အုံး"

ခပ်သွက်သွက်ထွက်သွားတဲ့ Taehyung ရဲ့နောက်ကို Jimin အော်ဟစ်ကာပြေးလိုက်သွားသည်

                 "ဘယ်အရာကသူ့ကိုပြောင်းလဲလာအောင်တွန်းအားပေးနေခဲ့မှန်းကိုမသိပေမယ့် ဘယ်အရာကိုဖြစ်ဖြစ်ပျော်ပျော်ကြီးလက်ခံနိုင်ဖို့သူအဆင်သင့်ဖြစ်နေခဲ့ပါပြီ......"
.
.
.
"အော် သားရောက်လာပြီလား"

"ဟုတ် အန်တီ Taehyung ကအိမ်ပေါ်မှာထင်တယ် ကျွန်တော်နည်းနည်းနောက်ကျသွားတယ်အန်တီ တောင်းပန်ပါတယ်"

𝙳𝚎𝚜𝚝𝚒𝚗𝚢✨Where stories live. Discover now