"Taehyung ကျောင်းသွားတော့မှာလား"
"အွန်း"
"ရော့...မနက်စာစားသွား"
Jungkook က စားပွဲပေါ်ကို bacon နဲ့ကြက်ဥကြော်ထည့်ထားသည့်ပန်းကန်ကိုတင်ပေးကာလှမ်းပြောသည်...
"မောင့်ဖို့လား.."
apron ဝတ်ထားသည့် Jungkook ကိုခေါင်းအစခြေအဆုံးကြည့်ကာပြောသည်...Taehyung ရဲ့အကြည့်ကြောင့် Jungkook ကြက်သီးထသွားသည်...
"မင်းဖို့မဟုတ်လို့ဘယ်သူ့ဖို့ဖြစ်ရမှာလဲ မစားချင်လည်းမစားနဲ့"
Jungkook ကပြောရင်းဆိုရင်းပန်းကန်ကိုဆွဲယူလိုက်သည် ဒါပေမယ့် Taehyung က Jungkook ရဲ့လက်ကိုလှမ်းဆွဲလိုက်သည်...
"ဟာ...နေပါအုံး စားမှာပေါ့ မောင့်ကလေးကလည်းစိတ်ချည်းပဲ စားမယ်နော်"
Jungkook ရဲ့လက်ထဲက ပန်းကန်ကိုပြန်ယူကာပြုံးစိစိလုပ်ရင်းပြောသည်...
"ပြီးတာပဲ.."
Taehyung ရဲ့မျက်နှာချင်းဆိုင်ကခုံမှာ Jungkook ဝင်ထိုင်လိုက်သည်...
"ခင်ဗျားလေးကရော မစားဘူးလား"
"ငါကစားပြီးပြီ ခဏနေ Jin Hyung ဆီသွားကူပေးမလို့"
"အွန်း မောင်နဲ့အတူတူသွားမလား"
"မသွားပါဘူး ငါ့ဘာသာငါသွားမှာ မြန်မြန်စားပြီးသွားတော့"
"ဟုတ်ကဲ့ပါဗျာ မောင်နဲ့လက်ထပ်ပြီးသွားရင်လည်းနေ့တိုင်း ဒီလိုbreakfast လုပ်ကျွေးမှာလားဟင်"
Taehyung ရဲ့စကားကြောင့် Jungkook မော့ကြည့်ကာအော်ဖို့ပြင်လိုက်သည်...သို့သော် Taehyung ရဲ့အကြည့်ကြောင့် Jungkook ဆွံ့အသွားပြန်သည်...Taehyung သူ့ကိုကြည့်နေသည့်အကြည့်ကတကယ့်ကိုနူးနူးညံ့ညံ့လေး
စနောက်ပြီးပြောနေခြင်းမဟုတ်ဘဲတကယ်ကိုအလေးအနက်ထားကာပြောနေခြင်းဖြစ်သည်....*Kim Taehyung....ငါ့ကိုရင်ခုန်အောင်မလုပ်ပါနဲ့တော့...*
"ဟင်လို့ မောင်မေးတာဖြေအုံးလေ"
Jungkook ဆီကတုံ့ပြန်မှုမရတာကြောင့် Taehyung ထပ်မေးလေသည်...
"မ...မသိဘူး သွားတော့"
Taehyung ဆီကအကြည့်လွှဲကာ Jungkook ကပြောသည်
ပါးလေးနီကာတစ်ဖက်ကိုလှည့်သွားကာ Jungkook ကိုကြည့်ကာ Taehyung ပြုံးလိုက်မိသည်...သူကချောင်ပိတ်တဲ့စကားမျိုးတွေ၊ချစ်တဲ့ကြိုက်တဲ့စကားမျိုးတွေပြောတိုင်းရှက်သွားတတ်တဲ့ Jungkook ကိုသူမြတ်နိုးလွန်းလှပါသည်....