Part-17

1.8K 215 30
                                    

တဖြည်းဖြည်းနီးကပ်လာတဲ့ Taehyung ကြောင့် Jungkook အသက်ရှူနှုန်းတွေမြန်လာပြီဖြစ်သည်....တုန်ရီနေပြီဖြစ်တဲ့လက်တွေနဲ့ Taehyung ရဲ့ပုခုံးကိုကိုင်ကာတွန်းထုတ်ဖို့ကြိုးစားသော်လည်း Taehyung ကတော့နေရာကနေရွေ့တောင်မရွေ့ချေ....နောက်ဆုံးတော့ Jungkook လက်လျော့ကာ Taehyung ရဲ့အင်္ကျီကိုဆုပ်ကိုင်ထားကာဖြစ်ချင်ရာဖြစ်ဆိုပြီး မျက်လုံးကိုတင်းနေအောင်မှိတ်ထားလိုက်တော့သည်...မျက်လုံးလေးမှိတ်ကျသွားသည့် Jungkook ကိုကြည့်ကာ Taehyung ခပ်စစပြုံးလိုက်မိသည်..မျက်နှာလုံးလုံးလေးတင်မကဘဲနားရွက်လေးတွေပါနီရဲကာရှက်နေသည့် Jungkook ကလှလွန်းလှသည်.... ဒီတိုင်းလေးရိုးရှင်းစွာဝတ်ဆင်ထားတာတောင်ဆွဲဆောင်မှုရှိလွန်းသည့် Jungkook ကိုသူချစ်မဝနိုင်ပါ...
ဆေးခြယ်ထားမှုမရှိတဲ့နှုတ်ခမ်းပါးနီနီရဲလေးဟာဆိုရင်
နှင်းဆီပန်းလေးလိုနီရဲကာနမ်းလှည့်ပါဟုသူ့ကိုဆွဲဆောင်နေသဖွယ်....Jungkook ရဲ့မျက်နှာနုနုလေးကိုတစ်ချက်ကြည့်ကာသူ့နှုတ်ခမ်းကို Jungkook ရဲ့နှုတ်ခမ်းဆီသို့ဦးတည်လိုက်သည်...ထိုအချိန်...

"အကိုလေး...အမလေး!!"

အိမ်ဖော်ကောင်မလေးရဲ့အသံကိုကြားလိုက်ရတာကြောင့် Jungkook မျက်လုံးပြန်ဖွင့်ကာ Taehyung ကိုအားကုန်သုံးကာတွန်းထုတ်လိုက်သည်..အသံလာရာနေရာကိုကြည့်လိုက်တော့ သူတို့နှစ်ယောက်ကိုနောက်ကျောပေးထားသည့်အိမ်ဖော်ကောင်မလေးကိုမြင်လိုက်ရသည်...သူတို့
နှစ်ယောက်ရဲ့အခုဖြစ်နေသည့်ပုံစံကိုမြင်သွားကာလန့်သွားခြင်းဖြစ်မည်...တွန်းထုတ်ခံလိုက်ရသည့် Taehyung လည်း ရုတ်တရက်ဆိုတော့လန့်သွားကာကြောင်တောင်တောင်ဖြစ်နေသော်လည်းအသိပြန်ဝင်လာသောအခါ Jungkook ရဲ့လက်ကိုဆွဲဖို့ကြိုးစားသော်လည်း Jungkook ကအဆွဲမခံတော့ချေ...

"ငါ..ငါစာကြည့်ခန်းထဲကစောင့်နေမယ်...."

ထိုသို့ပြောကာ Jungkook လှေကားပေါ်ကိုပြေးတက်သွားတော့သည်...ကျန်နေခဲ့သည့် Taehyung ခမျာလည်း နမ်းရခါနီးမှလက်လွတ်သွားတာကြောင့်စိတ်ရှုပ်ကာဆံပင်တွေကိုသာဖွနေမိတော့သည်...

"ဘာလဲ ပြော!!"

အိမ်ဖော်ကောင်မလေးဖက်လှည့်ကာအော်လိုက်မိသည်
Taehyung ရဲ့အသံကိုကြားမှအိမ်ဖေည်ကောင်မလေးကလှည့်လာကာပြောသည်

𝙳𝚎𝚜𝚝𝚒𝚗𝚢✨Where stories live. Discover now