Part-25

1.8K 199 34
                                    

"ခင်ဗျားလေးနဲ့အတူတူလေ ခွင့်ပြုမယ်မလား...."

သူ့အားစူးစိုက်ကြည့်ကာအသံခပ်တိုးတိုးဖြင့်ပြောနေသည့်  Taehyung ကိုကြည့်ကာ Jungkook ကြက်သီးမွှေးညှင်းများပင်ထသွားလေသည်...

"အိပ်...အိပ်လေ...."

ခေါင်းငုံ့ထားကာရှက်လာတာကြောင့် နားရွက်လေးတွေပင်နီရဲတက်လာသည့် Jungkook ကိုကြည့်ကာ Taehyung အသည်းယားစွာပြုံးလိုက်မိသည်

"တကယ်နော်"

"အွန်း....တကယ်...."

"ဘာလို့ခေါင်းငုံ့ထားတာလဲ မော့"

Jungkook ရဲ့မေးစေ့ကိုကိုင်ကာမျက်နှာကိုမော့စေကာ Taehyung ပြောသည်....

"ဒီ...ဒီတိုင်း...."

"ရှက်လို့လား..."

"မ...မဟုတ်ပါဘူး!!ဘာလို့ရှက်ရမှာလဲ ငါလည်း
ယောကျ်ားလေးပဲ မင်းလည်းယောကျာ်းလေးပဲ ဘာမှရှက်စရာမရှိဘူး"

သူ့အားရှက်နေသည်ဟုအထင်မခံနိုင်တာကြောင့်ပြာပြာသလဲရှင်းပြနေသည့် Jungkook ဟာ Taehyung ရဲ့မျက်လုံးထဲမှာကလေးလိုပင်ချစ်ဖို့ကောင်းလွန်းနေသည်

"တကယ်မရှက်ဘူးနော်"

"မရှက်ပါဘူးဆို"

"ပြီးတာပဲ နမ်းချင်တယ်..."

ပြောလည်းပြောရင်း မျက်လုံးမှိတ်ကာနှုတ်ခမ်းဆူပေးနေသည့် Taehyung ကိုကြည့်ကာ Jungkook ပြုံးလိုက်မိသည်...Taehyung ရဲ့နှုတ်ခမ်းနဲ့သူ့ရဲ့နှုတ်ခမ်းကိုထိတယ်ဆိုရုံလေးထိအောင်နမ်းလိုက်လေသည်....နှုတ်ခမ်းကိုပြန်ခွါမယ်လုပ်သည့်အခါ Taehyung က Jungkook ရဲ့ပါးနှစ်ဖက်စလုံးကိုဆွဲညှစ်လိုက်တာကြောင့် Jungkook ရဲ့နှုတ်ခမ်းပါးရဲရဲလေးကဆူထွက်လာလေသည်...ထိုနှုတ်ခမ်းလေးကိုမှ Taehyung ကငုံထွေးလိုက်ကာတစ်လွှာချင်း၊တစ်ရစ်ချင်းဆီစုပ်ယူနေလေသည်...Jungkook ရဲ့ခါးကိုလည်းလက်တစ်ဖက်ကတင်းကျပ်နေအောင်ဖက်ထားကာခန္ဓာနှစ်ခုကိုနီးကပ်စေသည်.. အချိန်တခဏကြာသည်အထိ Taehyung ကလွှတ်မပေးသေးတာကြောင့် Jungkook အသက်ရှူကြပ်လာလေသည် ထို့ကြောင့် Taehyung ရဲ့ရင်ဘတ်ကိုတွန်းကာလွှတ်ပေးဖို့တောင်းဆိုမိသည်...သို့သော် Taehyung ကလွှတ်မပေးဘဲ ရေငတ်နေသည့်လူတစ်ယောက်ရေကိုတွေ့လိုက်သလိုအငမ်းမရမလွှတ်တမ်းနမ်းနေလေသည်...

𝙳𝚎𝚜𝚝𝚒𝚗𝚢✨Where stories live. Discover now