"သား လာအုံး"
Taehyung ကျောင်းကပြန်ပြန်လာချင်း Omma ကခေါ်လို့ ဧည့်ခန်းထဲမှာ ဝင်ထိုင်လိုက်သည်
"Omma ပြော"
"သား မနေ့ကစာမသင်ဘဲနဲ့ ဘယ်သွားတာလဲ"
"ဗျာ.......ဟိုဟာ မနေ့က Jimin ကဇွတ်ခေါ်လို့ Bar လိုက်သွားရလို့ Omma"
"Taehyung မင်းကိုစာသင်ခိုင်းတာလေ ဘယ်နှယ့် ဆရာကိုမလေးမစားဆက်ဆံတဲ့အပြင် သွားချင်ရာသွားနေတယ်တဲ့ ငါ့ကိုအရှက်မခွဲနဲ့နော် Taehyung"
"ကျစ်...အဲ့တာ ဟိုဆရာဆိုတဲ့လူအကုန်ပြန်ပြောပြတာလား မိန်းမလိုမိန်းမရတော့တော်တော်လုပ်တာပဲ ဟက်"
"Taehyung!!နင်သူ့ကိုဘာမှပြောစရာမလိုဘူး နင့်ဆရာဟဲ့ အေး နောက်တခါအဲ့လိုအပြင်ထွက်တယ်ဆိုတဲ့အသံမကြားချင်ဘူးနော် ကြားလား"
"...ဟုတ်..."
"သွား စာလုပ်နေ ခဏနေ ဆရာလာတော့မှာ"
Taehyung တောက်ခေါက်ပြီးအိမ်ပေါ်ကိုတက်လာခဲ့သည်
အဲ့ဒီဆရာဆိုတဲ့လူတော်တော်အာချောင်တာပဲ လူကြည့်တော့ဖြင့်လက်တောင့်လောက်နဲ့ ဟက်
Taehyung ရေချိုးပြီးတော့စာကြည့်ခန်းထဲမှာထိုင်ပြီးဆေးလိပ်သောက်နေလိုက်သည်
ထိုအချိန်အိမ်အပေါ်ထပ်ကိုတက်လာသည့်ခြေသံကိုကြားရသည်"အော် ခင်ဗျားရောက်လာပြီပဲ"
စာကြည့်ခန်းတံခါးကိုဖွင့်လိုက်သည့် Jungkook ကိုကြည့်ပြီး Taehyung ပြောလိုက်သည်
"Kim Taehyung ငါဒီနေ့မင်းနဲ့ရန်မဖြစ်ချင်ဘူး ငါ့တာဝန်ငါကျေချင်တယ် စာသင်ရအောင်"
"ဒီမယ် ခင်ဗျားဘာမှကြိုးစားပြနေစရာမလိုဘူး ပိုက်ဆံလိုချင်တာမလား ကျုပ်ပေးမယ် ဟန်ဆောင်ပန်ဆောင်လုပ်ပြမနေနဲ့"
"Taehyung!!မင်းငါ့ကိုမစော်ကားနဲ့ ငါဘယ်လောက်ပဲပိုက်ဆံလိုနေနေ အဲ့လောက်ထိတော့အောက်တန်းမကျဘူး"
Jungkook ပြောရင်းနဲ့ဒေါသလည်းထွက်သလိုဝမ်းလည်းနည်းသည် သူ့ကိုအဲ့လောက်ထိပက်ပက်စက်စက်ကြီးပြောလိမ့်မယ်လို့ထင်မထားခဲ့တာအမှန် ဝမ်းနည်းတဲ့စိတ်နဲ့ငိုချလိုက်ချင်ပေမယ့် စိတ်ကိုတင်းထားသည် မျက်ရည်မကျအောင်နှုတ်ခမ်းကိုကိုက်ထားတာကြောင့်နှုတ်ခမ်းထောင့်ကနေ သွေးများစီးကျလာသည် တင်းထားတဲ့ကြားကနေမျက်ရည်တစ်စက်ကပါးပြင်ပေါ်ကိုကျဆင်းလာသည်