Part-5

2.2K 228 6
                                    

"ဟေ့ကောင် မင်းမနေ့ညကဘာလို့မလာတာလဲ"

Taehyung ကျောင်းရောက်ရောက်ချင်းစီးမေးလိုက်သည့်
Jimin ရဲ့မေးခွန်းကြောင့်စိတ်ညစ်သွားသည်

"Sorry ကွာ မနေ့က ဟိုဆရာဆိုတဲ့လူညှောင့်လိုက်တာအိမ်ကမားသားကြီးကအိမ်ထဲကအိမ်ပြင်ကိုမထွက်ခိုင်းဘူး"

"ဟ ဟ မင်းကအဲ့ဆရာကိုကြောက်နေတာလား"

"ဟေ့ကောင် စကားကိုကြည့်ပြော ချီးမို့လို့ကြောက်ရမှာလား အဲ့လူကဖြင့်သေးသေးလေး ခွေးပစ်တုတ်လောက်တောင်မရှိဘူး"

"ဟားဟား အေးပါကွာ စတာပါ မင်းကလည်း သွားစို့ ကောင်မလေးတယောက်မင်းခုံပေါ်မှာမုန့်တွေလာထားသွားတယ်ကွ ဟဲဟဲ ငါ့ကိုကျွေးအုံး"

"အငတ်ကြမ်းနေသေးတယ် စောက်ရူးက သွားမယ်"

Taehyung Jimin နဲ့အတူတူကျောင်းခန်းထဲကိုဝင်လာခဲ့သည် ဒီနေ့တော့သူကျောင်းလစ်ဖို့မဖြစ် Omma အကြောင်းကိုသူသိသည် ပြောတဲ့အတိုင်းတကယ်လုပ်တာ
စာသင်နေတဲ့အချိန်အတွင်းTaehyung ပီကေဝါးပြီး
Game ဆော့နေသည် ဒါသူလုပ်နေကျအကျင့်တခု
ဆရာ၊ဆရာမတွေပြောလည်းဂရုမစိုက်တာကြောင့်ဘယ်ဆရာ၊ဆရာမမှအရေးလုပ်ပြီးမပြောတော့
ဒါပေမယ့် ဒီနေ့တော့ ထူးခြားသည် Taehyung game ဆော့နေပေမယ့် game ထဲမှာစိတ်မပါ မနေ့ကမျက်ရည်ကျနေတဲ့ ဆရာဆိုတဲ့လူရဲ့မျက်နှာကပေါ်ပေါ်လာတယ်
အမှန်အတိုင်းပြောရရင် Taehyung သူ့နာမည်ကိုတောင်မသိပါ ဒါပေမယ့် မနေ့ကသူ့လုပ်ရပ်လွန်သွားလားဆိုတဲ့အတွေးကခေါင်းထဲခဏခဏဝင်လာတယ် ဒါ Taehyung ပုံစံမှမဟုတ်ပဲ သူကဘယ်တုန်းကမှလူတဖက်သားကိုအားနာတတ်တဲ့ပုံစံမဟုတ်ဘူး
သွေးတွေစီးကျလောက်အောင်နှုတ်ခမ်းကိုကိုက်ထားတဲ့အမူအရာကိုကြည့်ပြီး သူပြောလိုက်တာတော်တော်လွန်သွားတယ်ဆိုတာကိုသိလိုက်တယ် အဲ့ဒီအတွက်သူတောင်းပန်ချင်သည်
ဒါပေမယ့် "တောင်းပန်ပါတယ်"ဆိုတဲ့စကားအစား ရွဲ့တဲ့ခနဲ့တဲ့စကားတွေပဲပါးစပ်ကထွက်လာတယ်
Taehyung ခေါင်းခါပြီးအတွေးတွေကိုမေ့ပစ်လိုက်သည်

"ဟက် ငါကဘာလို့တောင်းပန်ရမှာလဲ" ဒါပေမယ့်
သူသာ.......
.
"ဦးနှောက်ထက် နှလုံးသားကိုဦးစားပေးခဲ့ရင်............"
________________❤︎________________
တကယ်ဆိုသာသာအရမ်းစိတ်ညစ်နေတာပါ သေချင်လောက်အောင်ကိုစိတ်ညစ်နေတာပါ ဒါပေမယ့်ဖတ်ပေးကြတဲ့ပိစိလေးတို့အတွက်တင်ပေးလိုက်တာပါ><🤎

Zawgyi









သူသာ.......
.
________________❤︎________________

𝙳𝚎𝚜𝚝𝚒𝚗𝚢✨Where stories live. Discover now