Part-6

2.1K 219 16
                                    

"Kim Taehyung စာအုပ်ကိုကြည့် ငါစာသင်နေတာ မင်းဖုန်းကြည့်ဖို့ထိုင်စောင့်ပေးနေတာမဟုတ်ဘူး နေပါအုံး ဘယ်သူကစာပို့မှာမို့လို့အဲ့လောက်ပြာယာခတ်နေရတာလဲ"

စာစသင်ကတည်းက စာကိုအာရုံမစိုက်ပဲ ဖုန်းကိုပဲဖွင့်ဖွင့်ကြည့်ကြည့်နေတဲ့ Taehyung ကို Jungkook ကြည့်မရတော့

"ကျစ် ခင်ဗျားနဲ့ဘာဆိုင်လို့လဲ သင်စရာရှိတာသင်စမ်းပါ"

တကယ်တော့ Taehyung လတ်တလောတွဲနေတဲ့ကောင်မလေးက ဒီနေ့ party ရှိတယ် Taehyung ကိုလာခေါ်မယ်ဆိုလို့ သူစောင့်နေခြင်းဖြစ်သည် ကောင်မလေးနဲ့သွားချင်လို့မဟုတ်ပဲ အပျော်အပါးမက်တဲ့သူ့အဖို့ party ဆိုတာနဲ့ ဘယ်ပွဲမှအလွတ်မခံနိုင်တာကြောင့်လက်ခံလိုက်ခြင်းဖြစ်သည်
Jungkook လည်းသက်ပြင်းချပြီး စာဆက်သင်နေလိုက်သည် ခဏကြာတော့ အိမ်ရှေ့ကနေ ကားဟွန်းတီးသံကြားလိုက်ရသည် တပြိုင်တည်းလိုလို Taehyung ရဲ့ဖုန်းကလည်းထမြည်လာသည် Taehyung ဖုန်းကိုကောက်ကိုင်လိုက်သည်

"ပြော.."

"....."

"အေး ငါအခုဆင်းလာခဲ့မယ်"

Taehyung ဖုန်းချပြီး Jungkookကိုကြည့်လိုက်သည်
Jungkook ကလည်းသူ့ကိုစူးစမ်းတဲ့အကြည့်နဲ့ကြည့်နေသည်

"ကျုပ်သွားတော့မယ်"

"ဘယ်လဲ"

"ဘယ်သွားသွားပေါ့ ခင်ဗျားတော်တော်အရစ်ရှည်တာပဲ"

"Kim Taehyung!!"

"ဘာလဲ"

"မင်း အခုချက်ချင်းပြန်ထိုင်စမ်း"

"မထိုင်ဘူး ကျုပ်ကိုလာပြီးအမိန့်မပေးနဲ့"

"ထိုင်လို့ငါပြောနေတယ်နော်"

"ဒီမယ် ခင်ဗျားခိုင်းတိုင်းကျုပ်ကလုပ်ရအောင် ခင်ဗျားကကျုပ်ရည်းစားမို့လို့လား"

"Kim Taehyung!မင်းမမိုက်ရိုင်းနဲ့ ပြန်ထိုင်လို့ငါပြောနေတယ်နော် မထိုင်ရင် မင်းအမေကိုဖုန်းဆက်ဖို့ငါဝန်မလေးဘူးနော်"

"ကျစ်....တောက် ခင်ဗျားတော်တော်ယုတ်မာတာပဲ ထိုင်မယ် ထိုင်မယ်"

Taehyung ဒေါသထွက်ထွက်နဲ့ခုံပေါ်ကိုပြန်ထိုင်လိုက်သည်

"လာခေါ်တဲ့သူကိုလည်းပြန်လွှတ်လိုက်"

𝙳𝚎𝚜𝚝𝚒𝚗𝚢✨Where stories live. Discover now