Part-13

1.9K 210 23
                                    

"ဟေ့ကောင်..Taehyung"

"ဘာလဲ ပြော"

Taehyung နဲ့ Jimin basketball ကွင်းထဲမှာထိုင်ရင်းစကားပြောနေကြခြင်းဖြစ်သည်

"မင်းမားသားကြီးခရီးသွားတယ်ဆို"

"အွန်းလေ"

"ငါမင်းအိမ်လိုက်ခဲ့မယ်"

"ဟင် ဘာလိုက်လုပ်မှာလဲ"

"ဟေ့ကောင်ရာ တုံးလိုက်တာ party လုပ်မယ်လေ မင်းအိမ်ကအကျယ်ကြီးဥစ္စာ ကျောင်းကလူတွေလည်းဖိတ်မယ်"

"ဟာ...တော်ပါပြီကွာ အိမ်မှာကငါ့ကိုစာသင်ပေးနေတဲ့ဆရာရှိသေးတယ်"

"ဟင် သူကလာနေတာလား"

"အေး Omma ကနေခိုင်းတာ စာသင်ရတာအဆင်ပြေအောင်လို့တဲ့"

"ဘာလဲ မင်းကသူ့ကိုကြောက်နေတာလား"

"မ..မဟုတ်ပါဘူး..."

"ဟေ့ကောင် ငါ့ကိုလာမလိမ်နဲ့ မင်းသူနဲ့ပတ်သက်လာရင်တမျိုးပဲ ငါ့ကိုအမှန်အတိုင်းပြော"

"....အမှန်အတိုင်းပြောရရင်ငါသူ့ကိုချစ်မိနေပြီ"

"ဘာ!!တကယ်ကြီးလား..."

"အွန်း တကယ်.."

"ဟာ...Kim Taehyung လိုကောင်ကကြွေတယ်ဆိုတော့တော်တော်ချောလို့ပဲဖြစ်ရမယ် ငါတွေ့ဖူးချင်တယ် မင်းအိမ်ပြန်ရင်ငါလိုက်ခဲ့မယ်"

"ဟာ...မလိုက်ခဲ့နဲ့ ငါမပြချင်ဘူး.."

"မင်းကလည်းကွာ တိုမနေစမ်းပါနဲ့ မင်းနဲ့ဘာမှလည်းမဖြစ်သေးဘဲနဲ့"

"ခွေးကောင်!!ဖြစ်တော့မှာကွ ဖြစ်အောင်လုပ်တော့မှာ..."

"ဘာပဲဖြစ်ဖြစ်ငါလိုက်ခဲ့မှာပဲ ဘာမှလာမပြောနဲ့"

Taehyung လည်းပြောလို့မရတာနဲ့လက်လျော့လိုက်ရတော့သည်

"ဟူးးးးးFuck ပဲ.."

"ဆဲချင်သလောက်ဆဲ ငါကလိုက်မှာပဲ ဟားဟား"

Jimin ကပြောင်စပ်စပ်လုပ်ကာ အတန်းဆီကိုထွက်သွားသည် Taehyung လည်းသောက်လက်စဆေးလိပ်ကိုဖိနပ်နဲ့နင်းချေကာ Jimin နောက်လိုက်သွားတော့သည်....
.
.
.
"ဟေ့ကောင် ပြောင်စပ်စပ်မလုပ်နဲ့နော် ငါ့ကိုမကောင်းတဲ့ကောင်လို့မထင်စေချင်ဘူး"

𝙳𝚎𝚜𝚝𝚒𝚗𝚢✨Where stories live. Discover now