"ဟယ်လို...Jin Hyung"
"အေး ပြော"
"ကျွန်တော်ဒီနေ့ cafe ကိုမလာတော့ဘူး"
"ဘာလို့လဲ..."
"ဟို...ဟိုဟာ ကျွန်...ကျွန်တော် နေမကောင်းလို့..."
"အော် အေး ရပါတယ် နားလိုက်နားလိုက် Taehyung ရော မရှိဘူးလား"
"ရှိတယ် Hyung..."
"အေးအေး အဲ့တာဆိုဒါပဲနော်"
"ဟုတ် Hyung"
Jin နဲ့ဖုန်းပြောပြီးနောက်ဘေးကိုကြည့်လိုက်တော့သူ့ကိုပြုံးကာကြည့်နေသည့်အပေါ်ပိုင်းဗလာဖြစ်နေသည့် Taehyung ကိုမြင်လိုက်ရသည်...
"ဘာလို့မသွားတာလဲ...."
Taehyung နဲ့ Jungkook အခုထိအိပ်ရာမထသေးပါ...အခုဆိုရင်သူတို့နှစ်ယောက် Taehyung ရဲ့အိမ်မှာပဲအတူတူနေဖြစ်ကြသည်...Mr.Kim ကလည်းခရီးကနေပြန်ရောက်လာတာကြောင့် Mr.Kim နဲ့ Mrs.Kimတို့နှစ်ယောက်ကအပန်းဖြေအိမ်မှာပဲနေကြတော့သည်...ထို့ကြောင့် Jungkook က Taehyung နဲ့အတူတူလာနေဖြစ်သွားသည်...ထိုသို့လာနေတာကိုပင် Taehyung အလွန်အမင်းပျော်နေလေသည်..
Taehyung ကလက်ထပ်ချင်နေပြီဖြစ်ပေမယ့် Jungkook က Taehyung အလုပ်အကိုင်နဲ့အတည်တကျဖြစ်သွားမှလက်ထပ်ချင်သောကြောင့်လက်မထပ်ဖြစ်ကြသေးပေ..."မသိလို့မေးနေတာလား...."
မျက်နှာကိုပြောင်စပ်စပ်လုပ်နေသည့် Taehyung ကိုမျက်စောင်းထိုးကာ Jungkook မေးသည်...ထိုအခါ Taehyung ကသဘောကျကာပြုံးနေလေသည်...
"တကယ်မသိလို့မေးနေတာပါဗျာ..."
"ခါးနာနေတယ်လေ လူယုတ်မာရဲ့!Cafe ကိုသွားဖို့မပြောနဲ့ လမ်းထလျှောက်ဖို့တောင်အားမရှိဘူး"
"ညတုန်းကမောင်...ကြမ်းသွားလားဟင်...."
Taehyung ပြောချင်သည့်သဘောကို Jungkook သဘောပေါက်သွားတာကြောင့်မျက်နှာကနီရဲတက်လာလေသည်...
"မောင်နော်...."
"ဟောဗျာ ဘာဖြစ်ရပြန်တာလဲ ခါးကအရမ်းနာနေတာလား"
"နည်းနည်းပါ ရတယ်..."
"မောင်ဆေးလိမ်းပေးမယ်လေ"
"အွန်း ရေချိုးပြီးရင်လိမ်းပေး အခုရေချိုးတော့မယ် ဖယ်"
ခါးမှာတွယ်ကပ်ကာပွတ်သပ်နေသည့် Taehyung ရဲ့လက်ကိုဆွဲဖယ်ကာ Jungkook ပြောသည်...