Part-24

1.7K 183 20
                                    

"Omma ကျွန်တော်ပြန်လာပြီ"

"အေးအေး သားရေချိုးတော့မှာလား Omma ရေနွေးပြင်ထားလိုက်တော့မယ်နော်"

"Jungkook ရော Omma..."

Ms.Kim ရဲ့မေးခွန်းကိုမဖြေဘဲ အိမ်ကိုဝှေ့ကြည့်ကာ Jungkook ကိုသာလိုက်ရှာနေသည်

"Kim Taehyung!!နင့်ကိုငါမေးနေတာကိုမဖြေဘဲနဲ့ဘာလို့အဲ့ကောင်လေးကိုပဲစိတ်ဝင်စားနေတာလဲ"

Ms.Kim ရဲ့စကားကြောင့် Taehyung ငြိမ်သက်သွားကာအခြေအနေကိုရိပ်မိသွားသည်

"Omma...Jungkook ဘယ်မှာလဲ"

"ငါနှင်ထုတ်လိုက်တာ နင်နဲ့နှစ်ယောက်ရဲ့ကိစ္စကိုငါမသိဘူးထင်နေလား ငါလုံးဝသဘောမတူဘူးနော် Kim Taehyung!!အဲ့ကောင်လေးကဘာမှကောင်းကျိုး..."

Ms.Kim ရဲ့စကားကိုဆုံးအောင်ပင်နားမထောင်ဘဲကားသော့ကိုပြန်ကောက်ယူကာခြံထဲကိုပြန်ပြေးထွက်သွားသည်

"Fuck!!Fuck!!"

"Kim Taehyung!!ဘယ်သွားမလို့လဲ နင်အခုရပ်စမ်း!!နင်ဒီခြံထဲကထွက်သွားတာနဲ့ငါ့စည်းစိမ်ဥစ္စာတွေအကုန်လုံးနင်နဲ့မဆိုင်တော့ဘူးမှတ်နော်!!"

ကားထဲကိုဝင်တော့မယ့် Taehyung ရဲ့ဘေးကိုပြေးလာကာအော်ဟစ်ရင်းပြောနေသည့် Ms.Kim ဟာစိတ္တဇဆန်လှသည်...

"အဲ့လိုကြေးလား ရတယ်လေ ရော့ Omma ကားသော့..."

Taehyung က Ms.Kim ရဲ့လက်ထဲကိုကားသော့ထည့်ပေးလိုက်သည့်အခါ Ms.Kim ကကျေနပ်စွာပြုံးလိုက်သည်

"ငါ့သားကလိမ္မာပါတယ်"

"ဒီကားကလည်း Omma ဝယ်ပေးထားတာဆိုတော့ Omma အပိုင်ပဲလေ အဲ့တာကြောင့်ကျွန်တော်ဒီကားမယူသွားပါဘူး Bye"

Ms.Kim ကိုမဲ့ပြုံးပြုံးပြကာလက်ပြနှုတ်ဆက်ရင်းထွက်လာခဲ့သည်...ကျန်နေခဲ့သည့် Ms.Kim ကတော့အော်ဟစ်ကာ Taehyung ကိုပြန်လာဖို့ခေါ်နေလေသည်...သို့သော် Taehyung ကတော့ဥပေက္ခာပြုကာဆက်လျှောက်လာခဲ့သည်...Jungkook ကိုဖုန်းဆက်တော့လည်းမကိုင်ချေ သူစိတ်တွေအရမ်းပူနေပြီဖြစ်သည် Jungkook ကိုစိတ်ညစ်သွားအောင်လုပ်လိုက်မိပြီဆိုတဲ့စိတ်နဲ့တင်သူအရူးတပိုင်းလို....

Jungkook ရဲ့အိမ်ကိုလည်းတခါမှမရောက်ဖူးတာကြောင့်ဘယ်ကိုသွားရမှန်းသူမသိပေ နောက်ဆုံးတော့ Jungkook ပြောပြဖူးသည့်သူ့အစ်ကိုရဲ့ကော်ဖီဆိုင်ကိုသာသူလိုက်သွားလိုက်တော့သည်...

𝙳𝚎𝚜𝚝𝚒𝚗𝚢✨Where stories live. Discover now