Part-21

1.8K 199 28
                                    

"ဆရာ ဘာလုပ်နေတာလဲ"

"အော် pancake လုပ်နေတာ"

"အမလေး ဆရာရယ် ဘေးဖယ်ပါ ကျွန်မလုပ်ပါ့မယ် အကိုလေးသိရင်ကျွန်မကိုအဆူခံနေရလိမ့်မယ်"

Taehyung က Jungkook လိုအပ်တာမှန်သမျှလုပ်ပေးရန်အိမ်ကခိုင်းတဲ့သူတိုင်းကိုပြောထားတာကြောင့်ဖြစ်သည်
Jungkook ကခါတိုင်းထက်စောနိုးနေတာကြောင့် Taehyung နဲ့သူ့ဖို့ pancake လုပ်နေခြင်းဖြစ်သည်...

"မဟုတ်တာ ရပါတယ် ပြီးတော့မှာ Taehyung မထသေးဘူးလား"

"ဟုတ် မထသေးဘူးထင်တယ် ဆရာ"

"သွားနှိုးပေးပါ့လား"

"ဟုတ်ဟုတ်"

အိမ်ဖော်ကောင်မလေးထွက်သွားတော့ Jungkook pancake ကိုမြန်မြန်ပြီးအောင်လုပ်ပြီးစားဖို့သောက်ဖို့ပြင်ဆင်နေလေသည်....

"အကိုလေး ဆရာကနှိုးခိုင်းလိုက်လို့..."

အိမ်ဖော်ကောင်မလေးက Taehyung ရဲ့အခန်းတံခါးကိုခေါက်ကာနှိုးလေသည်..ထိုအခါအခန်းတွင်းမှ ဆံပင်စုတ်ဖွာနဲ့ Taehyung ထွက်လာလေသည်...

"ဘာလဲ"

"ဟို...ဆရာကနှိုးခိုင်းလိုက်လို့"

Taehyung အောက်ထပ်ကိုဆင်းမယ်ပြင်ပြီးမှအကြံပေါ်လာတာကြောင့်အခန်းထဲကိုပြန်ဝင်လိုက်သည်...အခန်းတံခါးကိုပိတ်ဖို့ကိုင်ထားကာအိမ်ဖော်ကောင်မလေးကိုပြောလိုက်သည်....

"ဟဲ့ ငါကနှိုးလို့မရဘူးလို့ ပြောလိုက်"

"ဟင် အကိုလေးအခုနိုးနေပြီလေ"

"လျှာရှည်လိုက်တာဟာ ငါပြောတဲ့အတိုင်းလုပ်စမ်းပါ နှိုးမရဘူး၊ဆရာသွားနှိုးကြည့်ပါလားလို့ပြော ကြားလား"

"ဟုတ်ဟုတ်"

Taehyung သူ့အကြံအစည်သူပြန်စဉ်းစားကာသဘောကျနေမိသည်...အခန်းထဲဝင်ကာပြန်အိပ်ချင်ယောင်ဆောင်နေလိုက်သည်...

"ဆရာ...ဟိုဟာလေ အကိုလေးကနှိုးမရဘူး ဆရာသွားနှိုးကြည့်ပါ့လား"

"ဟာ...Kim Taehyung အိပ်ပုတ်ကြီးလိုက်တာ ကျောင်းချိန်မမှီဘဲနေတော့မှာပဲ ဟုတ်ဟုတ် ကျွန််တော်သွားနှိုးလိုက်မယ်"

𝙳𝚎𝚜𝚝𝚒𝚗𝚢✨Where stories live. Discover now