"စာမေးပွဲကြီးဖြေပြီးသွားလို့တက္ကသိုလ်ဝင်ခွင့်တွေမထွက်ခင်အချိန်အတွင်း မောင်ဘာလုပ်မှာလဲ..."
"မောင်လား ခင်ဗျားလေးခိုင်းတာလုပ်မယ်လေ"
စာမေးပွဲကြီးဖြေဖို့တစ်ပတ်အလိုညနေစောင်းတွင် Taehyung နဲ့ Jungkook ခြံထဲမှာထိုင်ကာစကားပြောနေကြခြင်းဖြစ်သည်....
"Taehyung နော် စကားအကောင်းကိုပြောလို့မရဘူး"
"ဟောဗျာ တကယ်ပြောနေတာလေ ခင်ဗျားလေးကရော..."
"ငါက Jin Hyung ကိုဆိုင်မှာဝိုင်းကူပေးမယ် စာသင်တာနားထားအုံးမယ် မင်းနဲ့တင်စာသင်ရမှာကိုကြောက်သွားပြီ"
Jungkook က Taehyung ကိုမျက်စောင်းလေးထိုးကာပြောသည်....ထိုအခါ Taehyung ကသဘောကျကာရီနေလေသည်....
"မောင်ကလည်းခွင့်မပြုပါဘူး မောင်နဲ့လက်ထပ်ပြီးရင်စာမသင်ရတော့ဘူး အိမ်မှာပဲအေးဆေးနေ မောင်ကရှာကျွေးမှာ"
"Taehyung နော်...."
Jungkook ကရှက်သွားကာခေါင်းလေးငုံ့ကာပြောသည်
"တကယ်ပြောတာ ကလေးလေးရဲ့ ခင်ဗျားလေးနဲ့လက်ထပ်ပြီးရင်မောင်ကအချိန်ပိုင်းအလုပ်တွေလုပ်မှာ ပြီးရင်
ခင်ဗျားလေးစိတ်ချမ်းသာအောင်ထားမှာ Omma တို့ဆီကလည်းဘာမှမယူဘူး ကိုယ့်အားကိုကိုယ််ကိုးပြီးခင်ဗျားလေးနဲ့အတူနေနိုင်ဖို့ကြိုးစားမှာ...."Jungkook Taehyung ကိုသာငေးမောကြည့်နေမိတော့သည်....
"မောင်...."
"အွန်း ပြောလေ"
"ငါ့ကိုအရမ်းချစ်တာပဲလား...."
"ချစ်တာပေါ့ ကလေးလေးကြောင့်မောင့်ရဲ့မကောင်းတဲ့အကျင့်တွေကိုတောင်ပြင်ခဲ့ပြီပဲလေ ခင်ဗျားလေးကမောင့်ရဲ့ဘဝကြီးပဲ ခင်ဗျားလေးမရှိရင်မောင်သေသွားလောက်တယ် အဲ့တာကြောင့်မောင့်ကိုထားခဲ့ဖို့စိတ်ကူးထဲတောင်မထည့်နဲ့နော်...."
"အွန်း မထည့်ဘူး"
"ကတိနော်..."
Taehyung က လက်သန်းလေးထောင်ပြကာပြောသည်....
ထိုအခါ Jungkook က Taehyung ရဲ့ကလေးဆန်မှုကိုသဘောကျကာပြုံးလိုက်မိသည်....