"Hyung..."
"အွန်း ပြောလေ"
ကော်ဖီခွက်တွေကိုဆေးရင်း Jungkook ကိုမကြည့်ဘဲ Seokjin ပြန်ထူးသည်
"ကျွန်တော်လေ...."
"အွန်း.."
"Kim Taehyung ရဲ့အိမ်မှာ ၂ လလောက်သွားနေမလို့ အဲ့တာ....."
"ဘာ!!"
Jungkook ရဲ့စကားကြောင့် Seokjin လှည့်ကြည့်ကာအော်လိုက်သည်
"Hyung...ကျွန်တော်ပြောတာအရင်နားထောင်အုံး"
"ဟူးးးးးးးပြော"
သက်ပြင်းရှည်ကြီးကိုမှုတ်ထုတ်ကာစိတ်ကိုထိန်းရင်းပြန်ဖြေသည်
"Kim Taehyung ရဲ့အမေက Daegyu ကိုအလုပ်ကိစ္စနဲ့ ၂ လလောက်သွားရမှာတဲ့ အဲ့တာကျွန်တော့်ကိုသူ့သားနဲ့လာနေပေးဖို့အကူအညီတောင်းတာ စာသင်ရတာလည်းပိုပြီးတော့အဆင်ပြေအောင်လို့တဲ့...."
"Jungkook....Hyung အဲ့ကောင်လေးကိုကြည့်မရဘူးဆိုတာသိတယ်မလား ပြီးတော့ အဲ့ကောင်လေးကတကယ့်လူမိုက် စာသင်ခိုင်းထားတာတောင်တော်တော်များနေပြီ သူ့အိမ်မှာပါသွားနေဖို့ခွင့်ပြုပေးရမှာလား ခွင့်မပြုနိုင်ဘူး လုံးဝပဲ"
"Hyung....ကျွန်တော်ကလည်းသင်ချင်လို့သင်နေတာမှမဟုတ်တာဗျာ ပြီးတော့အဲ့လိုအနီးကပ်သင်ပေးရင်ပိုက်ဆံပိုရမှာလေ Hyung ရဲ့...."
"...."
"Hyung ရယ် သူတို့လည်းအဆင်ပြေ၊ကျွန်တော်တို့လည်းအဆင်ပြေတာပေါ့ဗျာ သွားနေပေးလိုက်မယ်နော်"
အစ်ကိုဖြစ်သူကိုချော့မော့ကာပြောနေသည့် Jungkook ကိုကြည့်ကာ Seokjin သနားလည်းသနားသလို အကြင်နာလည်းပိုရပါသည်.....
"ဟူးးးးးးးပြောလို့မှမရတာ သဘောပဲဟေ့ သဘောပဲ"
"Hyung ကလည်း ကျွန်တော်ကအဲ့မှာတသက်လုံးနေမှာမှမဟုတ်တာ နေ့လည်ပိုင်းဆိုရင် Hyung ဆီထွက်လာမှာပဲ
ဥစ္စာ"Jungkook က အဲ့လိုပြောလိုက်တော့မှ တင်းနေသည့် Seokjin ရဲ့မျက်နှာကအနည်းငယ်ပြေလျော့သွားသည် ပြေးကြည့်မှဒီညီအစ်ကိုလေးနှစ်ယောက်ရှိတာမို့လို့ Jungkook ကိုသားလိုရော၊ညီလိုရော Seokjin ချစ်ရပါသည် ငယ်ငယ်လေးကတည်းကငွေကြေးမပြည့်စုံခဲ့တာကြောင့် ညီငယ်လေးကိုပြည့်ပြည့်စုံစုံထားပေးချင်သည့်စိတ်နဲ့အလုပ်တွေပဲဆက်တိုက်လုပ်နေဖြစ်ခဲ့သည် တခြားလူငယ်တွေလိုပျော်ပျော်ရွှင်ရွှင်နဲ့ကျောင်းတက်နေရမယ့်အချိန်မှာငွေကြေးအခင်အခဲကြောင့်ကျောင်းထွက်လိုက်ရသည့် Jungkook ကိုအရမ်းစာနာကာသနားရပါသည်