"Kim Taehyung စာကိုကြည့် ငါ့ကိုကြည့်နေလို့ဘာမှအကျိုးမရှိဘူး"
အခုဆိုရင် Taehyung Jungkook ကိုဖွင့်ပြောပြီးသွားတာတစ်ပတ်ကျော်ကြာသွားပြီဖြစ်သည် ထိုအချိန်အတောအတွင်း Taehyung ကပိုပြီးအတင့်ရဲလာသည်...
ဖွင့်မပြောခင်တုန်းကတော့ Jungkook မကြိုက်တာတွေမလုပ်တော့ဘူး၊စာလည်းကောင်းကောင်းလုပ်မယ်ဆိုပြီးဆုံးဖြတ်ထားပေမယ့် ဖွင့်ပြောပြီးနောက်ပိုင်းကစပြီး Jungkook ကလွဲပြီးဘာကိုမှစိတ်မဝင်စားတော့ချေ....
စာသင်နေရင်လည်း Jungkook ကိုပဲထိုင်ငေးနေတတ်သည် မထိတထိလည်းအမြဲတမ်းစသည် အဲ့လိုစလိုက်တိုင်းရှက်သွားသည့် Jungkook ရဲ့မျက်နှာလေးကိုထိုင်ကြည့်နေရတာကိုကသူ့အတွက်နိဗ္ဗာန်လို...."ခင်ဗျားနှုတ်ခမ်းအောက်ကမှည့်လေးကတော်တော်လှတယ်နော်...."
Taehyung ရဲ့စကားကြောင့် Jungkook ယောင်ယမ်းကာ နှုတ်ခမ်းအောက်ကမှည့်ကိုလှမ်းကိုင်လိုက်မိသည်
"Kim...Kim Taehyung အရေးမပါတာတွေမပြောနဲ့ မင်းဒါနားမလည်ဘူးဆို ငါရှင်းပြနေတုန်းသေချာနားထောင်"
Taehyung ရဲ့စူးရှတဲ့အကြည့်တွေကိုရှောင်ဖယ်ကာ Jungkook စာဆက်ရှင်းပြဖို့ကြိုးစားသည်
"ခင်ဗျား ကျွန်တော့်ကိုဘယ်တော့အဖြေပြန်ပေးမှာလဲ..."
Jungkook ရဲ့စကားကိုအလေးမထားဘဲသူပြောချင်တာကိုသာတည့်ပြောနေသည့် Taehyung ကြောင့် Jungkook ခမျာရှက်လှပြီဖြစ်သည်
"Tae...Taehyung မင်း...မင်းနော် အဲ့ကိစ္စကိုငါမပြောချင်ဘူးလို့ပြောထားတယ်လေ"
"ခင်ဗျားမပြောချင်ပေမယ့်ကျွန်တော်ပြောချင်တယ် ခင်ဗျားကိုကျွန်တော်ချစ်တယ်...."
အသံဩရှရှနဲ့ပြောလိုက်တဲ့ Taehyung ရဲ့အသံဟာ Jungkook ကိုကြက်သီးမွှေးညှင်းထသည်အထိလွှမ်းမိုးနိုင်လွန်းသည်....
"မင်း...မင်းတက္ကသိုလ်ကောင်းကောင်းတစ်ခုကိုဝင်ခွင့်ရရင်ပေးမယ်...."
Jungkook တုန်ရီနေတဲ့အသံကိုအတတ်နိုင်ဆုံးထိန်းကာပြန်ပြောသည်
"ရတယ်လေ ခင်ဗျားပြောတဲ့အတိုင်းဖြစ်အောင်ကျွန်တော်လုပ်မယ် ဒါပေမယ့်ခင်ဗျားလည်းကျွန်တော်ပြောတဲ့အတိုင်းလိုက်လုပ်ပေးရမယ်"