"Kim Taehyung!!မင်းဒါလေးတောင်ရအောင်မကျက်နိုင်ဘူးလား ဟမ်!!"
Taehyung စာမရ၍ Jungkook ကဆူနေခြင်းဖြစ်သည်
သူတို့နှစ်ယောက်ချစ်သူတွေဖြစ်သွားသော်လည်း Jungkook ကတော့အရင်ကလို Taehyung ကိုဆူမြဲ၊ငေါက်မြဲဖြစ်သည်...Taehyung ကလည်းထိုသို့အဆူခံရတာကိုပဲပျော်ပျော်ကြီးခံယူနေမြဲဖြစ်သည်..."ကလေးလေးကလည်း မောင်လည်းကျက်တာပဲ ရမှမရတာ"
"မင်းနော်...စာမေးပွဲကနီးလာပြီ အခုထိဘာစာမှသေချာမရဘူး ဘယ်လိုလုပ်ပေးမှစာရမှာလဲ"
"မောင့်ကိုနမ်းပါ့လားဟင် အဲ့တာဆိုစာရရင်ရသွားမှာပေါ့"
Taehyung က Jungkook အနားကိုသူ့ထိုင်ခုံကိုဆွဲလာကာကပ်ထိုင်ရင်းပြောသည်...
"Tae..Taehyung နော်..."
"မောင့်ကိုမသနားဘူးလားကွာ အဖြေပေးပြီးတဲ့နောက်နေ့ကစပြီးခင်ဗျားလေးကမောင့်ကိုအကပ်ကိုမခံတော့ဘူးလေ"
မျက်နှာလေးငယ်ကာပြောနေသည့် Taehyung ကိုကြည့်ကာ Jungkook သနားသွားသည်...Taehyung ပြောတာလည်းမှန်သည်...သူတို့နှစ်ယောက်ချစ်သူဖြစ်တာတစ်ပတ်ကျော်သွားပြီဖြစ်သော်လည်း Jungkook ကအဖြေပေးပြီးတဲ့နောက်နေ့ကစပြီး Taehyung ကိုသူ့အနားအကပ်မခံတော့ချေ...
အရင်တုန်းကရည်းစားတွေကိုဂရုမစိုက်ခဲ့သမျှ Jungkook နဲ့မှ Taehyungတစ်ယောက်ဝဋ်ပြန်လည်နေပြီဖြစ်သည်.....သူများချစ်သူရည်းစားတွေလိုကြင်နာဖို့မပြောနဲ့ Jungkook ကရှက်နေတာနဲ့ Taehyung ခမျာ Jungkook ရဲ့ပါးလေးကိုနမ်းဖို့တောင်အခွင့်အရေးမရချေ...
"မောင်...လို့ခေါ်မယ်လေနော်..."
"ကလေးလေးရာ မောင်နမ်းချင်လို့ပါကွာ...သူများတွေဆိုချစ်သူဖြစ်သွားရင်ပျော်စရာကြီး မောင့်ကျတော့ကွာ...သနားပါကွာနော်"
Taehyung က Jungkook ရဲ့အောက်နှုတ်ခမ်းလေးကိုလက်မနဲ့ပွတ်ကာပြောသည်...
"အဲ့...အဲ့တာဆို ငါပြောတဲ့အတိုင်းလုပ်မယ်ဆိုရင်နမ်းခွင့်ပေးမယ်"
"ရတယ် ရတယ် ပြော"
"ဒီတစ်ပတ် အပတ်စဉ်စာမေးပွဲမှာထိပ်ဆုံးသုံးယောက်ထဲဝင်အောင်လုပ်ရမယ်၊Seoul National University ကိုဝင်ခွင့်ရအောင်ဖြေရမယ်၊ပြီးတော့..."