ဟိုးအမြင့်တစ်နေရာကထိုလူသားအား
သူဘယ်သောအခါမှပိုင်ဆိုင်နိုင်လိမ့်မည်မဟုတ်။----–-------------------♥♥♥----------------------
"ကဲအားလုံးပဲခဏနားထောင်ပေးကြ"
အတန်းပိုင်ဆရာ၏ ခပ်သြသြအသံအဆုံးတွင်
ဆူညံနေသောကျောင်းသားများငြိမ်သက်သွားသည်။"ဒီနှစ်အတွက် ကိုရီးယားတစ်နိုင်ငံလုံးဆိုင်ရာ
သချာင်္အိုလံပစ်ပွဲရှိတယ်ဆိုတာအားလုံးသိပြီးကြပြီမလား""ဟုတ်ကဲ့ ဆရာ"
အတန်းပိုင်၏မေးခွန်းအား အတန်းခေါင်းဆောင်လည်းဖြစ် အထက်တန်းပထမနှစ်၏စာအတော်ဆုံးကျောင်းသားလည်းဖြစ်သော
Kim Suho ကဖြေသည်။"ဟုတ်ပြီ...ဒီနှစ်မှာအထူးအဆန်းအနေနဲ့စာမေးပွဲပုံစံပြောင်းမယ်တဲ့"
ကြီးကျယ်လှသောစာမေးပွဲအကြောင်းအား
အတန်းခေါင်းဆောင်းနှင့်တစ်ချို့သောကျောင်းးသားများမှလွဲ၍ ဘယ်သူမှသေချာလိုက်နားမ
မထောင်။Chanyeolသည်လည်း သူ၏အထုံအရ ပြတင်းပေါက်အပြင်ဘက်မှ သစ်ရွက်ကြွေတို့အားငေးကြည့်နေမြဲ။
"အရင်နှစ်တွေလို အထက်တန်းပထမနှစ်အတွက်မေးခွန်းတစ်ခု ၊ အထက်တန်းဒုတိယနှစ်အတွက်မေးခွန်းတစ်ခု မဟုတ်ပဲနဲ့ အထက်တန်းအားလုံးအတွက်မေးခွန်းတစ်စုံပဲဖြေရမယ်တဲ့"
ရှုပ်ထွေးလှသော မေးခွန်းသဘောတရားများငည် သူနှင့်လားလားမျှမဆိုင်သလိုပင် အပြင်ဘက်သို့သာchanyeolငေးကြည့်မြဲငေးနေခဲ့
သည်။ စိတ်အစုံကတော့ ထိုလူသားဆီ၌။"ဒါဆိုဆရာ group workသဘောမျိုးလား?"
သေလျှင်ကိုယ့်နောက်ဘာမှပါမည်မဟုတ်သော
အနှီပျင်းစဖွယ်စာပေများအားအင်မတန်မှစိတ်ဝင်းစားလှသော Kim suhoကတော့ ဆရာနှင့်မေးတုန့်ပေးပြန်ပင်ပြောနေသေးသည်။"အင်းဟုတ်တယ် Suho ဆရာလည်းအခုအဲ့အကြောင်းပဲပြောမလို့... အားလုံးခဏတိတ်နေကြစမ်း!!"
ဖုန်းနှိပ်သူနှိပ်၊ စကားပြောသူပြောနှင့်ဆူညံနေသောအတန်းသားများအား အသံနှုန်းမြင့်မြင့်ဖြင့် ဆရာကတစ်ချက်ထိန်းသည်။
![](https://img.wattpad.com/cover/116028593-288-k62033.jpg)