Part-10(unicode)

104 8 1
                                    

ဟိုးအမြင့်တစ်နေရာကထိုလူသားအား
သူဘယ်သောအခါမှပိုင်ဆိုင်နိုင်လိမ့်မည်မဟုတ်။

....:..................................:......................

လေပြေဖျော့ဖျော့လေးအဝှေ့မှာ
လွင့်ဟသွားသောလိုက်ကာမှ
ထိုးဖောက်ဝင်ရောက်လာသော
နေရောင်ခြည်သည်
မျက်လုံးအစုံအားလာရောက်စူးရှသည့်အလျောက်
သူ သိလိုက်သည်။
အကျည်းတန်သောမနက်ခင်းတစ်ချို့ကို
ပြန်လည်ရောက်ရှိလာပြီဟူ၍။

ငါးနှစ် ဟူသောအချိန်ကာလအရ
ထိုလူသားအား မေ့လျော့နေသင့်ပြီ
ဖြစ်သော်ငြား ခဏတာစိတ်လှုပ်ရှားခဲ့ခြင်းမျိုး
မဟုတ်သဖြင့် မနက်တိုင်း၊ ညတိုင်း
ထိုလူ့အား သူလွမ်းနေမြဲ။
တွေ့ချင်နေမြဲ။ သတိရစမြဲ။
(ထိုလူသားကတော့သူ့အား
မေ့လျော့နေပေမယ့်)

တစ်ခါတစ်လေ ရူးကြောင်ကြောင်နိုင်တဲ့
စိတ်ကူးတွေထဲ ထိုလူသားက
မိန်းကလေးတစ်ယောက်နဲ့
ပျော်ရွှင်နေတတ်သည့်အခါ
သူ့နှလုံးတို့ကြေမွရပါ၏။

စွဲလမ်းမှုရဲ့ အိပ်မက်တွေထဲ
ထိုလူသားကသူ့ကိုထားခဲ့သည်ဟု
အိပ်မက် မက်သည့်ညမျိုးတွင်တော့
မျက်ရည်တွေနှင့်အဖော်ပြုကာ
တစ်ညတာအားဖြတ်သန်းရသည်။

စက္ကန့်၊ နာရီ ၊ ရက် ၊ လ ၊ နှစ် ပေါင်းများစွာ
တို့ကိုကျော်လွန်သည့်အခါ သူရဲ့
သတိရခြင်းဟာ
တမ်းတခြင်းဘက်ကူးပြောင်းလို့
လွမ်းဆွတ်ခြင်းတစ်ချို့ကတော့
ရူးသွပ်ခြင်းအဖြစ်
အသွင်ပြောင်းသွားကြတယ်။

နာကျင်တာထက်ပိုတဲ့
စူးနင့်ခြင်းအချို့သူ့နှလုံးအိမ်ထဲဝင်ရောက်လာတဲ့အခါ ထိုလူသားအားမေ့ပျောက်ဖြစ်ဖို့
အကြိမ်ကြိမ်(မရေတွက်နိုင်လောက်စွာ)
မေ့ပျောက်ဖြစ်ဖို့ကြိုးစားပေမယ့်
အဆင်မပြေ။

ဆယ်ကျော်သက်အရွယ်ရူးကြောင်ကြောင်
စိတ်ကစားခြင်းမျိုးမဟုတ်ခဲ့သည့်အလျောက်၊
မျိုးတူလူသားတစ်ဦးအားစိတ်မကုန်သွားခဲ့သည့်
အလျောက် သတ်ိရခြင်းတို့ တိုးလာပြီး
ထိုလူသားအားပို၍ပင်ချစ်လာခဲ့မိပြီဆိုပါလျှင်
ဤကမ္ဘာ ပေါ်၌ သူ့လောက် အချစ်ရူးသည့်သူ မရှိနိုင်လောက်တော့။

BROKEN-SEASON|1|(COMPLETED)Where stories live. Discover now