Part(4)-zawgyi

2.3K 260 19
                                    

ဟိုးအမြင့်တစ်နေရာကထိုလူသားအား
သူဘယ်သောအခါမှပိုင်ဆိုင်နိုင်လိမ့်မည်မဟုတ်။

°°°°°°°°°°°°°°°°°°°'''°°°°°°°°°°°°°°°°°°°°°

သူ့ခြေလှမ်းတွေ(chanyeol၏ခြေလှမ်းတွေ)သည်ကနေ့မှပို၍ တက်ကြွနေသည်။
မြန်ဆန်နေသည်။ သာမန်အားဖြင့်ကျောင်းသို့
စက်ဘီးနှင့်သွားနေကြဖြစ်သော်လည်း ယနေ့သည် ထူးခြားသောနေ့ဖြစ်သည့်အပြင်
သူ၏ရင်ခုန်နှုန်းများ အဆမတန်မြန်နေသည့်အလျောက် စက်ဘီးစီးဖို့မဖြစ်နိုင်ဟုတွေးကာ
လမ်းလျှောက်လာခဲ့ခြင်း။

လမ်းထိပ်ရောက်သည့်အခါ မနေ့ကညနေက
ထိုလူသားနှင့်ဖုန်းပြောခဲ့ရသည့်အကြောင်းအား ပြန်တွေးမိသည်။

ထို့နေ့ညနေ့က>>>>>>

" chanyeol မင်းအဖေခေါ်နေတယ်။
စာဖတ်ခန်းထဲကိုခဏလာဦးတဲ့"

ဟို့တစ်နေ့က ခပ်စိမ်းစိမ်းသစ်ပင်ရိပ်အောက်
ထိုလူသားအားနမ်းခဲ့မိသည့် အကြောင်းကြောင့် ပင်ဖြစ်သည်ဟု သူခန့်မှန်းမိသည်။

" appaဝင်လာမယ်နော်"

တံခါးကိုအသာခေါက်၍ ဝင်သွားတော့
သူ့appaက လက်ထဲမှစာအုပ်ကိုချကာ.
သူ့အားကြည့်ရင်း

"အင်း..လာလေသား.."

သူ့appa၏ခွင့်ပြုချက်ဖြင့် စာကြည့်စားပွဲရှေ့ခုံပေါ်ဝင်ထိုင်ရင်း
မထင်မှတ်ပဲ သူ့appaလက်ထဲမှစာအုပ်ခေါင်းစဉ်
အားဖတ်ရှုမိတော့...#လူသားနှင့်စိတ်ပညာ#တဲ့

"သား....appaတို့ သားကိုဘယ်လောက်ချစ်တယ်ဆိုတာသိတယ်မလား..."

သိမ်မွေ့သော၊ တည်ကြည်သော လေသံများဟာ သူ့ရင်ကို ပိုလှုပ်စေသည်။ သူ့စိုးရိမ်မှုတွေကို ဆတိုးစေတယ်။
သူ့ appaအကြောင်းသူသိသည်။
လိုချင်သည့်အရာ၊ ပုံသွင်းချင်သည့်အရာအား
ဆူပူခြင်း၊ မာန်မဲခြင်းအလျင်းမရှိပဲ ပျော့ပျောင်းသောစကားလုံးတစ်ချို့ဖြင့် ချုပ်နှောင်ရင်း
ဖန်းတီးတတ်သည်။

"အရွယ်ရောက်နေတဲ့ယောကျာ်းပျိုတစ်ယောက် စိတ်ကစားတာဟာမဆန်းပါဘူး သား"

စားပွဲပေါ်တွင်တင်ထားသည့် နိုင်ငံခြားဖြစ်
လက်ဖက်ခြောက်အကောင်းစားခက်ထားပါသော
ဝါဖျော့ဖျော့ရေနွေးကြမ်းအား ဖန်အကြည်ရောင် ခွက်ငယ်လေးထဲထည့်ရင်း
ပြောသည်။ သူ့appa၏မျက်နှာထက်တွင်
ဒေါသဖြစ်ခြင်း၊ စိတ်ပျက်ခြင်း နည်းနည်းလေးမှမရှိ။ သိပ်ကိုတည်ငြိမ်လွန်းသည်။

BROKEN-SEASON|1|(COMPLETED)Where stories live. Discover now