ဟ်ိုးအမြင့်တစ်နေရာကထိုလူသားအား
သူဘယ်သောအခါမှပိုင်ဆိုင်နိုင်လိမ့်မည်မဟုတ်။_________________♥__________________
ပုံအပ်မိတဲ့အချစ်တစ်ခုအတွက်
ပြန်လည်ရရှိခြင်းဟာ ဥပေက္ခာဆိုတဲ့
အမှန်တရားက အနည်းငယ်တော့ခါးသက်တယ်။----------------------------♥--------------------------
Yifan's pov.....>>>>>
မျက်လုံးဝိုင်းဝိုင်းလေးရယ်
ရယ်လိုက်ရင်ပေါ် ပေါ်လာတတ်ပါးချိုင့်နက်နက်
ကလေးနဲ့ ကောင်လေးတစ်ယောက်ဟာ
ကျွန်တော်ကို့ချစ်ပါသည်ဟု ဝန်ခံလာခဲ့တုန်းက
ခဏတာနောက်ပြောင်စိတ်လှုပ်ရှားခဲ့ခြင်းဟုသာ
ကျွန်တော်ခပ်ပေါ့ပေါ့တွေးခဲ့မိသည်။ကျွန်တော်သွားသည့်နေရာတိုင်းတွင်
သူရှိတတ်၍ ကျွန်တော်ရှိမည့်နေရာတိုင်းသို့ သူလိုက်လာတတ်သည်။ပထမဆုံးကျွန်တော့်ကိုသူကြိုက်နေပါသည်ဟု ကျွန်တော်သိခဲ့ရတုန်းက
သူကအထက်တန်းပထမနှစ်ဖြစ်၍
ခဏတာစိတ်ကစားခြင်းသာဖြစ်သည်ဟု
ရိုးရိုးရှင်းရှင်းတွေးခဲ့၏။ကြာလာသည်နှင့်အမျှ
နောက်မှတကောက်ကောက်လိုက်လာတန်သော
အနှီကောင်လေးအား စိတ်ထဲမှ
ခင်တွယ်လာမိသည်။
(ညီငယ်လေးတစ်ယောက်လို)တစ်ခါတစ်လေ ကျွန်တော်သူ့ကို
ရီပြမိသည့်အခါ ထီပေါက်သည့်နှယ်၊
စာမေးပွဲအောင်သွားသည့်နှယ်
ပျော်သွားတတ်သော ထိုကောင်လေး သည်
အမှန်ပင်ချစ်ဖို့ကောင်း၏။ဝန်ခံပါသည်။
ကျွန်တော်သူ့အပေါ်ကို
ခဏတာစိတ်ယိမ်းယိုင်ခဲ့ဖူးကြောင်း။
(သူဟာယောကျာ်းတစ်ယောက်
ဖြစ်ခဲ့ပေမယ့်)စိတ်ကူးယဉ်ခဲ့ဖူးပါသည်။
ထိုချစ်စဖွယ်ကောင်လေးနှင့်
ပျော်ရွှင်ဖွယ်နေ့ရက်တို့
ဖြတ်သန်းရမည့်အကြောင်း။ကျွန်တော့်နှလုံးသားက
လှုပ်ခုန်ခဲ့ဖူးသည်။
ထိုကောင်လေးကြောင့်။နောက်ဆုံး...သူ ့ကြောင့်ပင်
ကျွန်တော်သိပ်တွေ့ချင်ခဲ့ပါသော
Baby(hana)ကိုတောင်
မချစ်မိတော့မလိုဖြစ်ခဲ့ဖူးသည်။