ဟိုးအမြင့်တစ်နေရာကထိုလူသားအား
သူဘယ်သောအခါမှပိုင်ဆိုင်နိုင်လိမ့်မည်မဟုတ်။<<<<<<<<<<<<<<♥>>>>>>>>>>>>>>>>
မြတ်နိုးရင်...စွဲလမ်းရင်း...
ထိုလူသားရှေ့မှာ
အရူးတစ်ယောက်လိုပြုမူခဲ့ရင်းနဲ့
သတိဝင်တဲ့အချိန်
လည်ပြန်ကြည့်မိတော့
ထိုလူ့ရှေ့မှောက်ချခင်းပေးခဲ့သည်က
ကိုယ့်မာနနဲ့ သိက္ခာများဖြစ်ခဲ့လေခြင်း။<<<<<<<<<<<<<<<♥>>>>>>>>>>>>>>>
Park Chanyeol's POV
"ဟာနာက ကိုယ့်ကိုချစ်သေးတယ်မလား?"
ကျွန်တော့်ရှေ့မှထိုင်နေတဲ့
ကောင်မလေးဟာ
ထိုလူသားရဲ့ အသည်းနှလုံးတို့အား
အပိုင်စားရထားပါသည်ဆိုတဲ့
အတွေးဟာ ကျွန်တော့်စိတ်ကို
အရိုင်းဆန်စေတယ်။
(ဥပမာ ထိုမိန်းကလေးအားပစ်ပစ်ခါခါပြော၍
ငြင်းပစ်ချင်လိုက်သည်မျိုး။)သို့သော်...ကျွန်တော်သည်
ထိုလူမဟုတ်သည့်အလျောက်
နှလုံးသားတစ်စုံအား
ကစားစရာပစ္စည်းတစ်ခုလိုမကစားချင်။"ဟုတ်..စီနီယာ..ဒီနှစ်တွေးအတွင်းမှာ
စီနီယာ့ကို ဟာနာ နည်းနည်းလေးမှမမေ့မရခဲ့
ပါဘူး"အငွေ့တထောင်းထောင်းထနေသော
ကော်ဖီပန်းကန်အား စိုက်ကြည့်နေသည့်
ထိုသက်ရှိကောင်မလေးရဲ့
ပုံသဏ္ဍာန်ဟာ
သိပ်ကိုစိတ်လှုပ်ရှားနေတယ်ထင်။ဝိူင်းစက်စက်မျက်လုံးအချို့အား
ဆေးခြယ်ကာ ပုံသွင်းပစ်လိုက်တော့
သူမရဲ့ မူပိုင်မျက်ဝန်းလှလှတို့ဟာ
ပို၍ပင် တောက်ပသွားတယ်။အင်းလေ ဒါကြောင့်လည်း
သူမကို ကိုကိုက ချစ်သွားသည်ပဲ။တကယ်တမ်းယှဉ်ကြည့်ရင်
သူမလောက်မလှပင်မယ့်
ကြည့်ကောင်းတဲ့
မျက်လုံးတစ်ချို့
ကျွန်တော့်မှာလည်းရှိသည်။သူမလို ဖူးပြည့်နေတဲ့
ပန်းဆီရောင်နှုတ်ခမ်းပါးမျိုးမရှိပေမယ့်
ဆေးခြယ်စရာမလိုပဲ
အနည်းငယ်နီနေတတ်သည့်
နှုတ်လမ်းလွှာမျိုးကို
ကျွန်တော်လည်းပိုင်ဆိုင်ထားသည်။