ဟိုးအမြင့်တစ်နေရာကထိုလူသားအား
သူဘယ်သောအခါမှပိုင်ဆိုင်နိုင်လိမ့်မည်မဟုတ်။
(ဤတွင် ထိုလူသားသည်အမြင့်၌ရှိနေခြင်းမဟုတ်ပဲ
သူသည် ကိုယ့်ကိုကိုယ် နှိမ့်ချခြင်းဖြင့်
ထိုလူသားအားငွေကြယ်တစ်ပွင့်လို့
သတ်မှတ်တွေးယူခဲ့ခြင်း။)<<<<<<<<<<<<<<<♥>>>>>>>>>>>>>>>
ငေးရင်း.....ဆွေး
ဆွေးရင်း......ဝေး<<<<<<<<<<<<<<<♥>>>>>>>>>>>>>>>
Chanyeol's Pov>>>>>>>ကိုရီးယားကိုပြန်ရောက်ပြီး
တစ်ပတ်ကြာတော့
သူမကို ကျွန်တော့်မိဘတွေနဲ့
ပေးတွေ့ဖြစ်တယ်။
ကံကောင်းသည်လော
ကံဆိုးသည်လော
မပြောတတ်ပေမယ့်appaနဲ့ omma
က သူမလေးကို သိပ်ကိုသဘောကျကြတယ်။ခေတ်မဆန်ပဲ ရိုးရိုးလေးလှနေတတ်သောသူမကို
လူကြီးတွေသဘောကျ ကြတာမဆန်းပါ။ကျွန်တော့်ကိုတောင်
ချီးကျူးနေကြသေးတယ်။
သည်လောက်ပျက်စီးနေတဲ့ခေတ်ကြီးထဲ
အခုလို ယဉ်ကျေးပြီး ရိုးသားတဲ့
မိန်းကလေးတစ်ယောက်ကို
ရှာတွေ့ခဲ့လို့တဲ့။သူတို့မသိပါဘူး။
အဲ့ကောင်မလေး အခုလိုပြုံးနေနိုင်ဖို့
ကျွန်တော့်ပျော်ရွှင်မှုတစ်ချို့
လက်လွှတ်ခဲ့ရတယ်ဆိုတာ။သူတို့နားမလည်နိုင်ဘူး။
အဲ့ကောင်မလေးနဲ့လက်ထပ်ဖို့ရာ
ထိုလူသားက ကျွန်တော့်ကို
ဒူးမထောက်ရုံတမယ်
တောင်းပန်ခဲ့စဉ်က
ကျွန်တော်နာကျင်ခဲ့ရတယ်ဆိုတာ။နောက်ဆုံးတော့လည်း
ပျော်ရွှင်နေတဲ့ လူတွေကြားထဲ
ငိုချင်နေတဲ့ကိုယ့်စိတ်ကိုဖုံးကွယ်ဖို့အတွက်
မျက်နှာဖုံးတစ်ချို့တပ်ခဲ့ရတယ်။ဟန်ဆောင်ခြင်းဆိုတဲ့ပညာကိုလည်း
တစ်ပါတည်းသင်ယူတတ်မြောက်ခဲ့ပြီးသား။.....................................................................
သူမပျော်ဖို့ရာ၊ သူ့ အချစ်များစတေးခဲ့။
သူပျော်ဖို့ရာ၊ ကိုယ့်နှလုံးသားများစွန့်ပစ်ခဲ့။