Part-12(unicode)

97 9 0
                                    

ဟိုးအမြင့်တစ်နေရာကထိုလူသားအား
သူဘယ်သောအခါမှပိုင်ဆိုင်နိုင်လိမ့်မည်မဟုတ်။

••••••••••••••••••••°♥°••••••••••••••••••••••••

အလယ်တန်းနှစ်လောက်က
သူ့နောက်တစ်ကောက်ကောက်လိုက်တတ်တဲ့
ကောင်မလေးတစ်ယောက်ရှိခဲ့ဖူးသည်။
မျက်လုံးဝိုင်းဝိုင်းလေးနဲ့မို့ချစ်စရာကောင်း
ပေမယ့် ထိုကောင်မလေးအား
သူ(chanyeol)နည်းနည်းလေးမျှစိတ်မဝင်စားခဲ့။

နေ့စဉ်နေ့တိုင်း အချိန်တိုင်းလိုလို
သူရှိသည့်နေရာတိုင်းတွင်ထိုကောင်မလေး
ရှိတတ်သည်။

ပြတ်သားစွာသူငြင်းထားပင်မယ့်
ငေးကြည့်ရရုံနှင့်ကျေနပ်နိုင်ပါသည်ဟုဆိုကာ လက်မလျော့ခဲ့သော ထိုကောင်မလေးဟာ
သူအထက်တန်းပထမနှစ်ရောက်တော့
ရုတ်တရက်ကျောင်းပြောင်းသွားခဲ့သည်။

သို့သော်..ယခုလိုအနေအထားမျိုးနှင့်
ပြန်တွေ့ရမယ်လို့ သူတစ်ခါမှစိတ်မကူးခဲ့ဖူး။

"မင်္ဂလာပါ ညီမနာမည် Kim Hanaပါ"

မသိသလိုပြုံးဟန်ဆောင်ရင်း
ညာဘက်လက်အားရှေ့ထိုးပေးကာ
လက်ဆွဲနှုတ်ဆက်ရန်ပြင်နေသော
သူမ။

"အင်း..တွေ့ရတာဝမ်းသာပါတယ်"

မမျှော်လင့်ထားသောတွေ့ဆုံမှုတွင်
သူမဟာ ကိုကို့ရဲ့ချစ်ရသူဆိုတာကိုပါ
တစ်ပါတည်းသိလိုက်ရသည့်အလျောက်
ပြန်ဝဋ်လည်လေသလားဟု သူတွေးမိသည်။

ဟိုအရင်တစ်ချိန်က သူခါးသီးစွာ
ငြင်းခဲ့သော မိန်းကလေးက
လက်ရှိမှာ ဒူးမထောက်ရုံတမယ် သူ
တာင်းခံနေရပါသော ထိုလူ့အချစ်များအားလုံး
ကို အပိုင်စားရထား၏။

"စီနီယာက မပြောင်းလဲသေးဘူးနော်"

ဖိတ်ခေါ်သူမရှိသော်လည်း သူမကတော့ သူ့ထိုင်နေသည့်စားပွဲဝိုင်းတွင်ဝင်ထိုင်၍ သူ့ကိုမမေ့သေးကြောင်း သတိတရ
နှုတ်ဆက်နေသည်။

"Baby နဲ့ chanyeolကသိနေတာလား"

ဟင့်အင်း မပြောလိုက်ပါနဲ့
မင်းရဲ့အလယ်တန်း ကတည်းက ချစ်ရသူက
ငါဆိုတာကိုသိသွားတဲ့အခါ
ကိုကို နာကျင်ရလိမ့်မယ်။

BROKEN-SEASON|1|(COMPLETED)Where stories live. Discover now