ဟိုးအမြင့်တစ်နေရာကထိုလူသားအား
သူဘယ်သောအခါမှပိုင်ဆိုင်နိုင်လိမ့်မည်မဟုတ်။______________♥___♥_________________
တစ်ချို့သောနောက်ပြောင်ခြင်းမျိုးဟာ
ရယ်စရာမကောင်းဘူး ဘုရားသခင်။________________♥_____♥_____________
ခပ်စိမ့်စိမ့်အေးသော
Bejingလေဟာ လှုပ်ခုန်နေသော
သူ့နှလုံးတို့အား မငြိမ်းချမ်းစေနိုင်။လေယာဉ်ပေါ်မှဆင်းပြီး ပြီးခြင်း
ထိုလူသားရှိမည့်နေရာသို့ခြေလှမ်း
လှမ်းမိသည်။ဆိုးလ်မှာကတည်းက သူ
စုံစမ်းရရှိထားသောသတင်းအရ
ထိုလူသားသည် ဓာတ်ပုံပညာ၌ဝါသနာပါ၍
ခပ်သေးသေးဓာတ်ပုံဆိုင်တစ်ခု ဖွင့်ထားသည်။လွန်ခဲ့သောနှစ်များက (ရက်အတိအကျမသိရ၍)
ထိုလူ ့အဖေ ဆုံးတော့
နဂိုကတည်းက အဆင်မပြေခဲ့သောမိသားစု
စီးပွားရေးဟာ ပို၍ပင်ဆိုးရွားသွားခဲ့သည်။ကိုကိုအဆင်များပြေပါ့မလား?
ကျဉ်းမြောင်းသောလမ်းအနေအထားအရ
ကားနှင့်ဆက်သွားရန်မဖြစ်နိုင်ပြီမို့
သူ(chanyeol)လမ်းဆင်းလျှောက်လာခဲ့သည်။ပတ်ဝန်းကျင်မှပြေးလွှားဆော့ကစားနေသော
ကလေးလေးများကတော့
သူ့အားအထူးအဆန်းသဖွယ်စိုက်ကြည့်
နေကြ၏။
(သူဝတ်စားထားသောအဖိုးတန်အကျီ င်္
များကြောင့်လည်းဖြစ်နိုင်သလို
လမ်းထိပ်၌ရပ်ထားခဲ့သောကား
အကြီးကြီးကြောင့်လည်းဖြစ်နိုင်သည်)"ကလေး ဒီနားမှာ Galaxy ဓာတ်ပုံဆိုင်ဆိုတာ
ရှိလား"သူ့အမေးစကားကို
အနှီကလေးသူငယ်က
မျက်စိမျက်ဝန်းအပြူးသားနှင့်
ကြောင်ကြည့်နေသည်။"က်ုိရီးယားလိုပြောသော
အဲ့ကလေးကနားလည်မှာတဲ့လား
Chanyeol"အသံလားရာသို့ သူ လှည့်ကြည့်မိတော့
ရှပ်အနီအကွပ်နှင့် သိပ်ကိုစမတ်ကျနေပါသော
ထိုလူသား။နှစ်များစွာကြာသည်အထိ
သူ မမေ့နိုင်ခဲ့သည့်ထိုလူသား။သူ ရင်နှင့်အမျှချစ်ရပါသော
ထိုလူသား။