Part(14)-zawgyi

2.4K 229 34
                                    

ဟိုးအမြင့်တစ်နေရာကထိုလူသားအား
သူဘယ်သောအခါမှပိုင်ဆိုင်နိုင်လိမ့်မည်မဟုတ်။

______________♥______________________

"မင်း babyကိုလက်ခံပေးလိုက်ပါလား"

ထိုလူ့စကားအဆုံး
အရောင်ပြောင်းသွားသော
သူ့မျက်ဝန်းတို့ဟာ သိပ်ကိုနာကျင်ကြောင်း
ဖော်ပြနေသတဲ့။

တောင်းပန်ပါတယ် chanyeol
မင်းကိုယ့်ကိုချစ်နေကြောင်း
မသိချင်ယောင်ပဲဆောင်နေပါရစေ။

"ကို...ကို..."

သိပ်ချစ်ရပါသော ထိုလူသားဟာ
သူ့ရင်ကို စကားလုံးပေါင်းမြောက်များစွာနဲ့
ထိုးခွဲခဲ့ဖူးပေမယ့်လို့
ယခုအချိန်မှာပြောနေသော
စကားတစ်ခွန်းဟာ
သူ့ ရင်အားအစိတ်စိတ်အမွှာမွှာ
ကြေမွစေတယ်။

နာကျင်တာထက်ပိုတဲ့
ခံစားချက်တစ်ချို့နှင့်အတူ
ကပ်စေးနေသောသူ့ ရဲ့ နှုတ်ခမ်းအစုံဟာ
တုန်ရီနေသည်။

ရီလိုက်လျှင်မှေးသွားတတ်သော
သူ့မျက်ဝန်းဝိုင်းဝိုင်းလေးတို့ထက်
ဖြူနုနုငွေကြည်ရောင်အရည်များ
ပြည့်လျှံလာ၏။

"Chanyeol သာဒီတစ်ခါ
Babyကိုထပ်ငြင်းမယ်ဆိုရင်
Babyကိုယ့်ကိုကိုယ်
တစ်ခုခုလုပ်သွားမှာဆိုးတယ်"

ဒါဆိုကျွန်တော်ကရော? လို့
အော်ဟစ်ပေါက်ကွဲပစ်လိုက်ချင်ပေမယ့်လို့
လက်မထိပ်နှစ်ဖက်အား ပြင်းထန်စွာ
ပွတ်တိုက်ကုပ်ဖဲ့နေသော ထိုလူသား၏
အပြုအမူကြောင့် သူ့နှုတ်ဖျားမှ
စကားတစ်ခွန်းမျှ အံကျမလာခဲ့။

သူ သိသည်။
ထိုလူသိပ်ကို စိတ်လှုပ်ရှားနေသည့်အခါ
သို့မဟုတ် တစ်စုံတစ်ယောက်အား
သာမန်ထက်ပို၍ အားနာနေမိသည့်အခါမျိုး
တွင်သာ ထိုလူ ဤသို့ပြုလုပ်တတ်သည်။

တည်ကြည်ပြတ်သားနေသော
ထိုလူ့ပုံစံနှင့် စိတ်လှုပ်ရှားနေခြင်းဟာ
မဖြစ်နိုင်ဆိုပေမယ့် ထိုလူ့ဘေးနား
တစ်နှစ်လောက်အရိပ်တကြည့်ကြည့်
နေလာခဲ့သော သူကတော့
ထိုလူသား ဘာဖြစ်နေသည်ကို
ထိုလူ့မျက်ဝန်းထဲ့တစ်ချက်ကြည့်ရုံနှင့်
သိနှင့်နေပြီးသား။

BROKEN-SEASON|1|(COMPLETED)Dove le storie prendono vita. Scoprilo ora